ဝုလ်ဗ်ကိုအနိုင်ရခဲ့ခြင်းမှာ ကံတရားရဲ့ဖေးမမှု ပါဝင်ခဲ့ပါတယ်လို့ ဖွင့်ဟခဲ့တဲ့ ဆိုးလ်ရှား

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက သူတို့အသင်းအနေနဲ့ ဝုလ်ဗ်ကို နောက်ကျသွင်းဂိုးနဲ့အနိုင်ရခဲ့ခြင်းမှာ ကံတရားရဲ့ဖေးမမှုပါဝင်ခဲ့တယ်လို့ ပွဲအပြီး ဖွင့်ဟသွားခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ တိုက်စစ်ကစားသမား ရက်ဖို့ဒ်ရဲ့ နာကျင်အချိန်ပို ၉၀+၃မိနစ်မှာ သွင်းတဲ့ ဂိုးကြောင့် အဖိုးတန်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက မန်ယူနည်းပြသက်တမ်းတစ်လျှောက်မှာ သူ့အနေနဲ့ ဝုလ်ဗ်အသင်းကို ပထမဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်ပြီး ကံကောင်းမှုတချို့ရှိခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဆိုးလ်ရှားက “ကံကောင်းမှုအနည်းငယ်ရှိခဲ့တယ်။ဒါက အသင်းတစ်သင်းကိုဖိအားပေးနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့အရာပါ။ သူတို့အသင်းဟာ ကျွန်တော်တိုအတွက် အမြဲကစားရခက်တဲ့ ပြိုင်ဘက်ပါ။ ကျွန်တော်အနေနဲ့ အခုမှ သူတို့ကိုပထမဆုံးအနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းကတော့ အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အနိုင်၃မှတ်ရယူနိုင်ခဲ့တာက ပိုအရေးပါပါတယ်” လို့ ဆိုခဲ့တယ်။

မန်ယူအသင်းဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာအထိ တက်လှမ်းလာခဲ့ပြီး ထိပ်ဆုံးကလီဗာပူးလ်အသင်းနဲ့ ပွဲအရေအတွက်တူ ရမှတ် ၂မှတ်သာ ကွာဟပါတော့တယ်။

Ref:Goal. Com

Be the first to comment

Leave a Reply

Your email address will not be published.


*