ဒေါ့မွန်မှာ ကလော့ပ်နဲ့ ကြာကြာလက်မတွဲခဲ့ရတဲ့အပေါ် နောင်တရမိတယ်လို့ ဝန်ခံသွားခဲ့တဲ့ ဂေါ့ဇီ

မာရီယို ဂေါ့ဇီဟာ ဒေါ့မွန်ကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်ဆီကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရခဲ့တယ် ဆိုခဲ့ပြီး ဂွါဒီယိုလာလက်အောက်မှာ ကစားမယ့်အစား ကလော့ပ်ဆီမှာပဲ ဆက်နေခဲ့သင့်တယ်လို့ ‌ဖွင့်ဟသွားခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဂေါ့ဇီဟာ ၂၀၁၃ တုန်းက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၃၃.၅ သန်း နဲ့ ပြောင်းရွေ့သွားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂေါ့ဇီဟာ လူငယ်ခြေတက်‌အရွယ်တုန်းက သူမျှော်လင့်ထားသလို မဖြစ်လာခဲ့ဘဲ ဘိုင်ယန်မှာ ၃ နှစ် ကြာကစားပြီးနောက် သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ဒေါ့မွန်ဆီကို ပြန်ရောက်သွားပါတယ်။

ကမ္ဘာ့ဖလားဆုရှင်လည်းဖြစ်တဲ့ ဂေါ့ဇီဟာ သူပြောင်းရွှေ့ပြီးခါမှ အရမ်းစောလွန်းနေတယ်လို့ မှားမှန်း သိလိုက်ရပါတယ်။ အဲ့လိုအပြောင်းအရွေ့မျိုးကို မလုပ်ခင် ဩဇာအာဏာရှိတဲ့ ကလော့ပ်လိုနည်းပြနဲ့ ကြာကြာလက်တွဲခဲ့သင့်ကြောင်း ပြောသွားပါတယ်။ “ကျွန်တော်ကိုယ်တိုင် ပက်ရဲ့ လက်အောက်မှာ စိန်ခေါ်မှုအသစ်တွေလိုချင်ခဲ့တာပါလို့ the yellow wall ကိုပြောသွားပါတယ်။”လို့ပြောသွားတယ်။

“ဘိုင်ယန်အသင်းနဲ့ ၃ နှစ်တာကာလမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့တယ်။ ဂွါဒီယိုလာက ပွဲတစ်ပွဲကို ကွင်းထဲမှာ လုံးဝကွဲပြားတဲ့ ရှုထောင့်ကနေ ဘယ်လိုကြည့်ရမလဲဆိုတာ ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်။ နောင်တရခဲ့တာကတော့ ကျွန်တော် ကလော့ပ်လက်အောက်မှာ ကြာကြာမနေခဲ့လို့ပါ။ ဘိုင်ယန်ကိုပြောင်းလိုက်တာလည်း အမှားမဖြစ်ပါဘူး” လို့ ပြောသွားပါတယ်။

ကလော့ပ်နဲ့ပတ်သက်ပြီး “သူ့ကို ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့သူတစ်ယောက်အနေနဲ့ မြင်ပါတယ်။ သူနဲ့ ကျွန်တော်ကြားထဲမှာ ယုံကြည်ရတဲ့ ဆက်ဆံရေးရှိပါတယ်”လို့ ပြောသွားပါတယ်။

ဂေါ့ဇီဟာ ဘိုင်ယန်မြူးနစ်အတွက် ကစားခဲ့တဲ့ ၁၁၄ ပွဲမှာ ၃၆ ဂိုးသွင်းပြီး ၂၄ ကြိမ် ဖန်တီးပေးထားပါတယ်။ အခုနွေရာသီမှာ PSV ကို ပြောင်းရွှေ့သွားပြီး အသင်းအတွက် ၄ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးပေးထားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*