
နောက်ဆုံးပရီးမီးယားလိဂ် ၅ပွဲမှာ ၁ ပွဲသာအနိုင်ရထားတဲ့ ချဲလ်ဆီးအသင်းကို ဖရန့်လမ်းပတ်က ခက်ခဲတဲ့ အချိန်ကာလကနေ သန်မာတဲ့အသင်းတစ်သင်းဖြစ်လာပါလိမ့်မယ်လို့ ဖရန့်လမ်းပတ်က ပြောသွားပါတယ်။
စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဂျရူးက ခေါင်းတိုက်ဂိုးနဲ့ ချဲလ်ဆီးအတွက် ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ဧည့်သည် အက်စတွန်ဗီလာအတွက် အမ်ဘွားအယ်ဂါဇီက ချေပဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ (၁-၁)ဂိုး သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အသင်းလူထုတ်ပုံနဲ့ ကစာပုံအပေါ် လမ်းပတ်က “ဒီအချိန်က ကျွန်တော့်တို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ အချိန်ပါ။ ပြီးတော့ အဲ့ဒီအတွက် ကျွန်တော်တို့ တိုက်ခိုက်မယ်၊ ကျွန်တော်တို့ အဲ့ကနေ ပြန်သန်မာလာမယ်” လို့ ပြောသွားပါတယ်။
“ကစားခဲ့တာ ကောင်းပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့သင့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော့်တို့ ရှေ့လျှောက်ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို ဆက်လျှောက်ရဦးမှာပါ။”
“တိုက်စစ်ဇုန်ထဲမှာ အဆုံးသတ်ပိုင်း အားနည်းမှု အနည်းငယ်ကလွဲပြီး အသင်းရဲ့ ခြေစွမ်းကို ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အသင်းအနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ကျွန်တော်နှစ်သက်တဲ့ ခြေစွမ်းကောင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။”လို ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ တခြားအသင်းကြီးတွေနည်းတူ ခြေချော်ပြီး အနိုင် ၃ မှတ်မစွမ်းနိုင်ခဲ့လို့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
Ref: dailymail
Leave a Reply