သားဖြစ်သူကို ဘောလုံးသမားဖြစ်လာဖို့အလိုရှိပေမယ့် အတင်းအကြပ်ဖိအားပေးသွားမှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့တဲ့ စီရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက သူ့အနေနဲ့ သားဖြစ်သူကို ဘောလုံးသမားဖြစ်လာဖို့ အလိုရှိပေမယ့် အတင်းအကြပ်ဖိအားပေးသွားမှာ မဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ရော်နယ်လ်ဒိုဂျူနီယာဟာ လက်ရှိဂျူဗင်တပ်စ်အသင်းအကယ်ဒမီမှာ ကစားနေပြီး ခြေစွမ်းခြေစရှိတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းဘက်က စီစဉ်နေပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုကတော့ သားဖြစ်သူ ဝါသနာပါရာကိုသာ လုပ်ဖို့ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

စီရော်နယ်လ်ဒိုက “တခါတလေမှာ သူက ကိုကာကိုလာတို့၊ ဆိုဒါပါတဲ့အချိုရည်တို့ သောက်တယ်။ ဆီကြော်မုန့်ကြွပ်လေးတွေ စားတယ်။ ဒါက ကျွန်တော့်ကိုစိတ်ဆိုးစေတယ်ဆိုတာ သူသိပါတယ်။ တခါတလေမှာတော့ သူ့ကိုကျွန်တော်က အပြေးလေ့ကျင့်မှုပြုလုပ်ပြီးနောက် ပြန်လည်လန်းဆန်းလာစေဖို့အတွက် ရေအေးထဲကို ဒိုင်ဗင်ထိုးဆင်းဖို့ပြောပါတယ်။ အဲဒီအခါ သူက အဖေ အဲဒါက အရမ်းအေးတယ်တဲ့။ အိုကေ..ဒါက ပုံမှန်အခြေအနေပါပဲ။ သူက ၁၀နှစ်ပဲ ရှိသေးတယ်လေ။ သူ ဂရိတ် ပလေယာတစ်ယောက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။”

“သူ့မှာ အလားအလာကောင်းတွေရှိပေမယ့် ကြိုးစားဖို့လိုအပ်ပါတယ်။ ဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့အတွက် သူ့ကို ကျွန်တော်ဖိအားမပေးပါဘူး။ ဒါပေမဲ့ သူ့ကိုဘောလုံးသမားဖြစ်စေချင်သလားလို့ မေးရင်တော့ Yes လို့ဖြေမှာပါ။ အရေးကြီးတာကတော့ သူဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်ဖို့ပါပဲ။ ဘောလုံးသမားဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ်ပေါ့” လို့ ဖွင့်ဟခဲ့ပါတယ်။

ရော်နယ်လ်ဒိုဂျူနီယာဟာ အပြေးမြန်သလို အလိမ်အခေါက်စွမ်းရည်လည်းရှိတာမို့ တိုက်စစ်မှူး တစ်ယောက်အတွက် လိုအပ်တဲ့အရည်အသွေးတချို့ ပိုင်ဆိုင်ထားပါတယ်။ ဖခင်ဖြစ်တဲ့ စီရော်နယ်လ်ဒိုကတော့ သားဖြစ်သူကိုဘောလုံးသမားတစ်ယောက်မဖြစ်ခဲ့ရင် ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အလိုရှိနေပါတယ်။

Ref:Goal .Com

Be the first to comment

Leave a Reply

Your email address will not be published.


*