မန်စီးတီးအသင်းမှာ ကိုဗစ် positive ၅ဦး ထပ်တွေ့ပြီးနောက် အဲဗာတန်-မန်စီးတီးပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ မန်စီးတီးအသင်းမှာ ကိုဗစ် positive ၅ဦး ထပ်တွေ့ပြီးနောက် အင်္ဂါနေ့မနက်က ကစားဖို့စီစဉ်ထားတဲ့ အဲဗာတန်- မန်စီးတီးပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန်စီးတီးအသင်းမှာ တိုက်စစ်မှူး ဂျီးဆပ်စ်၊ နောက်ခံလူ ဝေါ်လ်ကာတို့ အပါအဝင် positive ၄ဦးတွေရှိခဲ့ပြီး အင်္ဂါနေ့မနက်က  စစ်ဆေးမှုပြုလုပ်ရာမှာတော့ positive ၅ဦး ထပ်တွေ့ခဲ့တာပါ။

မန်စီးတီးအသင်းဟာ အခုလို positive တွေတိုးလာတာကြောင့် ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ထံ ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ကလည်း ဆေးပညာဆိုင်ရာ သုံးသပ်မှုအရ ဒီပွဲကိုရွှေ့ဆိုင်းသင့်တယ်လို့ အကြံပြုချက်တွေလက်ခံရရှိခဲ့တာကြောင့် သဘောတူခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက positive တွေ့ရှိထားတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်၊ နောက်ခံလူ ဝေါ်လ်ကာနဲ့ အသင်းဝန်ထမ်း ၂ဦးတို့ဟာ လက်ရှိမှာ သီးခြားနေထိုင်နေကြရပြီး ကွာရန်တင်း ၁၀ရက်ကျန်ပါသေးတယ်။

မန်စီးတီးအသင်းက “နောက်ဆုံးကိုဗစ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် အသင်းအနေနဲ့ positive cases တချို့ ထပ်တွေ့ရပြန်ပါတယ်။ ခရစ္စမတ်နေ့မှာလည်း ၄ဦး positive တွေ့ထားတယ်။ အခုအချိန်ကစပြီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပိတ်ထားပါမယ်။ အဲဗာတန်နဲ့ကစားမယ့်ပွဲကိုလည်း ဆေးပညာဆိုင်ရာ ရှုထောင့်အရ လိဂ်တာဝန်ရှိသူတွေ၊ နှစ်ဖက်အသင်းတာဝန်ရှိသူတွေဆွေးနွေးပြီး ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီအခြေအနေကြောင့် လာမယ့်တနင်္ဂနွေမှာကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်ကိုလည်း ကစားဖြစ်၊ မဖြစ် မသေချာသေးဘူးလို့ သိရပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*