ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဆွာရက်ဇ်ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးကို လိုက်မီသွားတဲ့ မာနေး

လီဗာပူးအသင်းတောင်ပံကစားသမား မာနေးဟာ လီဗာပူးလ်(၁-၁)ဝက်စ်ဘရွန်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ရဲ့ပရီးမီးယားလိဂ်သွင်းဂိုး အရေအတွက်ကို လိုက်မီသွားခဲ့ပါတယ်။

လက်ရှိအက်သလက်တီကိုအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့မီ လီဗာပူးလ်အသင်းအတွက် ပရီးမီးယား လိဂ်ဂိုး ၆၉ဂိုး သွင်းပေးခဲ့သူဖြစ်ပါတယ်။

မာနေးဟာ ၂၀၁၆ခုနှစ်မှာ ဆောက်သမ်တန် အသင်းကနေ အာဖရိက ကစားသမားတစ်ဦး စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်းနဲ့ လီဗာပူးလ်ကိုရောက်ရှိလာပြီးနောက် ၅ ရာသီမြောက် ပါဝင်ကစားချိန်မှာ ဆွာရက်ဇ်ရဲ့သွင်းဂိုးကို လိုက်မီခဲ့တာပါ။

မာနေးအနေနဲ့ ဆွာရက်ဇ်ရဲ့သွင်းဂိုးအရေအတွက်ကို လိုက်မီသလို လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဂိုး အများဆုံးသွင်းထားသူစာရင်းမှာလည်း နံပါတ် ၅ နေရာရပ်တည်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး အများဆုံးသွင်းထားသူမှာ တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာဖြစ်ပြီး (၁၂၈)ဂိုးသွင်းယူထားပါတယ်။

သူ့နောက်မှာတော့ ကွင်းလယ်လူဟောင်း စတီဗင်ဂျရတ်(၁၂၀ဂိုး)၊ တိုက်စစ်မှူးဟောင်း မိုက် ကယ်အိုဝင်(၁၁၈ဂိုး)နဲ့ လက်ရှိအသင်းဖော် ဆာလာ(၈၆ဂိုး) တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

Ref: Goal. Com

Be the first to comment

Leave a Reply

Your email address will not be published.


*