
အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီက နည်းပြ အာတီတာအနေနဲ့ လာမယ့်ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူလိုပါက အရင်ရောင်းရမယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ အာတီတာကိုထောက်ခံနေဆဲဖြစ်ပေမယ့် အပြောင်းအရွှေ့ အသုံးစရိတ်အတွက်တော့ အပြည့်အဝ အာမခံချက် မပေးထားပါဘူး။
အာတီတာဟာ အိုဇေးလ်နေရာကိုအစားထိုးဖို့ ကစားသမားတစ်ဦးခေါ်ယူလိုနေပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင် ခရွန်ကီကတော့ ကစားသမားတချို့ကို ရောင်းထုတ်မှသာ လိုချင်တဲ့ကစားသမားကို ခေါ်ယူနိုင်မယ်လို့ သတိပေး ပြောဆိုထားတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကွင်းလယ်လူ ဒိုမီနစ်ဆက်ဘော့ဇ်လိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ခရွန်ကီရဲ့သတိပေးချက်ကြောင့် ကစားသမား မဖြစ်မနေရောင်းချရမယ့် အနေအထားဖြစ်ပါတယ်။
အာဆင်နယ်ကနေပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်နေသူတွေကတော့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အိုဇေးလ်၊ ဘာစီလိုနာအသင်းက ခေါ်ယူချင်နေတဲ့ နောက်ခံလူ ဘယ်လာရင်တို့ဖြစ်ကြပါတယ်။
Ref: Express
Leave a Reply