
ချဲလ်ဆီးကစားသမားဟောင်း ဒေယေဂို ကော်စတာဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့စျေးကွက်မှာ အက်သလက်တီကိုကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
ဘင်ဖီကာကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တဲ့ ဂျိုအာဖီလစ်နဲ့ အသစ်ထပ်ရောက်လာတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်တို့ကြောင့် နည်းပြဆီမြူနီအတွက် အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်စတာဟာ ဦးစားပေးမဖြစ်ခဲ့ပါဘူး။
ကော်စတာဟာ ဒဏ်ရာတွေနဲ့ လုံးပန်းနေရတာကြောင့် ရာသီအစက အသင်းအတွက် တစ်ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။ အက်သလက်တီကိုအတွက် ၆ ပွဲလွဲချော်ထားပြီး ဒဏ်ရာရကာလအတွင်း ချန်ပီယံလိဂ်ပွဲစဥ်တွေကိုလည်း လွဲချော်ထားပါတယ်။
ကော်စတာဟာ နောက်ထပ်စာချုပ်သက်တမ်းမတိုးဘူးလို့ ပြောဆိုထားပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့နောက်ပိုင်းဆိုရင် သူ့ကိုအလွှတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
ကော်စတာဟာ အက်သလက်တီကို ကို ၂၀၁၀ မှာရောက်လာပြီး ၂၀၁၄-၂၀၁၇ အထိ ချဲလ်ဆီးမှာ သွားရောက်ကစားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ၂ လုံးစွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၈ မှာ အသင်းဟောင်းဆီကို ပြန်ရောက်လာပါတယ်။
လာမယ့်ချန်ပီယံလိဂ် ၁၆ အသင်းအဆင့်မှာ အက်သလက်တီကိုနဲ့ ချဲလ်ဆီးတို့ တွေ့ဆုံရမှာဖြစ်ပြီး ကော်စတာပြောင်းရွှေ့သွားခဲ့ရင်တော့ အသင်းဟောင်းချဲလ်ဆီးနဲ့ တွေ့ဆုံခွင့်လွှဲချော်သွားမှာပါ။
ကော်စတာဟာ ဆွာရက်ဇ်နဲ့အတူပွဲထွက်ကစားတဲ့ အယ်လ်ချီနဲ့ ပွဲစဥ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Ref: dailymail
Leave a Reply