ဝုဗ်လ်နဲ့ သရေကျသွားတာကြောင့် အသင်းသားတွေကို စိတ်အားထက်သန်မှုမရှိဘူးလို့ စွပ်စွဲလိုက်တဲ့ မော်ရင်ညို

ဝုဗ်လ်နဲ့ အဝေးကွင်းပွဲစဥ်မှာ စပါးအသင်းတို့ သရေကျသွားခဲ့ပြီးနောက် မော်ရင်ညိုက အသင်းသားတွေကို စိတ်အားထက်သန်မှုမရှိဘူးလို့ စွပ်စွဲသွားခဲ့ပါတယ်။

စပါးအသင်းဟာ လီဗာပူးတို့ ဝက်စ်ဘရွန်းနဲ့ သရေကျသွားတဲ့အခွင့်အရေးကို မယူနိုင်ဘဲ ဝုဗ်လ်နဲ့ (၁-၁)ဂိုး သရေကျခဲ့တာကြောင့် ဇယားထိပ် အဆင့် ၃ နေရာနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲချိန်အစ ၅၇ စက္ကန့်မှာ စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ဒွန်ဘီလီက သွင်းယူပေးခဲ့ပြီး ပွဲချိန် ၂၁ မိနစ်နောက်ပိုင်း စပါးတို့ ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်မှ မရခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ဝုဗ်လ်တို့ ချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး အမှတ်ခွဲယူသွားခဲ့ကြပါတယ်။

မော်ရင်ညိုအသင်းဟာ ပရီးမီးယားလိဂ်မှာ ပွဲပြီးခါနီး ၁၀ မိနစ်အလို ဂိုးအသွင်းခံရဆုံး အသင်းဖြစ်ပြီး အဲ့ပွဲစဥ်တွေကနေ ၉ မှတ်ရှုံးဆုံးထားပါတယ်။

“ကျွန်တော်ရလဒ်နဲ့ပတ်သက်ပြီး မပျော်ရွှင်ပါဘူး။ ကျွန်တော် ကစားပွဲတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး ဂိုးသွင်းခွင့် ၈၉ မိနစ်လုံးရှိခဲ့ပေမယ့် မသွင်းနိုင်ခဲ့ဘူး”လို့ မော်ရင်ညိုက ပြောသွားပါတယ်။

“ဒါက ဂိုးမသွင်းနိုင်တာ တစ်ခုတည်းကြောင့်မဟုတ်ဘူး။  ကျွန်တော်တို့အသင်းက ပြိုင်ဖက်အသင်းအတွက် ကြောက်စရာမကောင်းတဲ့အပြင် ကစားသမားတွေကလည်း စိတ်အားထက်သန်မှုမရှိတာက ကျွန်တော့်အတွက် ပြဿနာပါ။”လို့ ပြောသွားပါတယ်။

စပါးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး လီဗာပူးတို့ ခြေချော်တဲ့ အခွင့်အရေးကို မယူနိုင်ခဲ့တာကြောင့် အဆင့် ၅ နေရာမှာသာ ရပ်တည်နေရပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*