
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက ၂၀၂၀ခုနှစ်အတွက် The Best ဆုရခဲ့တာနဲ့ ပတ်သက်ပြီး စီရော်နယ်လ်ဒိုနဲ့ မက်ဆီ ကွာခြားချက်ကို ထုတ်ပြောလိုက်ပါတယ်။
လီဝန်ဒေါစကီးဟာ ၂၀၁၆ခုနှစ်မှာ စတင်ချီးမြှင့်တဲ့ ဖီဖာ The Best ဆုကို ဒီနှစ်မှာတော့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီကိုကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ပါတယ်။
The Best ဆုရရှိသူကိုကြေညာချိန်မှာ စီရော်နယ်လ်ဒိုရဲ့အလိုမကျတဲ့ မျက်နှာထားကိုမြင်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ လီဝန်ဒေါစကီးကို ဂုဏ်ပြုစကားဆိုခဲ့တယ်လို့ သိရပါတယ်။
လီဝန်ဒေါစကီးက “ကျွန်တော် The Best ရခဲ့တာကို စီရော်နယ်လ်ဒိုက ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီကတော့ ကျွန်တော့် ကိုဘာမှမပြောခဲ့ပါဘူး” လို့ ဖွင့်ဟလိုက်ပါတယ်။
လီဝန်ဒေါစကီးဟာ The Best ဆုအတွက် မဲအရေအတွက် ၅၂မဲ ရရှိခဲ့ပြီး ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၃၈ မဲ၊ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၃၅ မဲ ရရှိခဲ့ပါတယ်။
The Best ဆုကို စီရော်နယ်လ်ဒိုက ၂ကြိမ် (၂၀၁၆၊ ၂၀၁၇) ရရှိထားပြီး မိုဒရစ် (၂၀၁၈) ၊ မက်ဆီ (၂၀၁၉) နဲ့ လီဝန်ဒေါစကီး (၂၀၂၀) တို့က တစ်ကြိမ်စီရရှိထားပါတယ်။
Ref: B/R Football
Leave a Reply