ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်မှာ အေစီမီလန်မဟုတ်ဘဲ ဂျူဗင်တပ်စ်သာဖြစ်တယ်လို့ သုံးသပ်ခဲ့တဲ့ ဗီဒယ်လ်

အင်တာမီလန်အသင်းကွင်းလယ်လူ ဗီဒယ်လ်က ဒီရာသီစီးရီးအေချန်ပီယံဆုအတွက် သူတို့ရဲ့ အဓိက ပြိုင်ဘက်မှာ အေစီမီလန်မဟုတ်ဘဲ ဂျူဗင်တပ်စ်သာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

လက်ရှိဆောင်းရာသီအနားရချိန်မှာ အေစီမီလန်အသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပြီး ဥရောပထိပ်တန်းလိဂ် ၅ခုမှာလည်း ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေပါတယ်။

မီလန်မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ဟာ ဇယားထက်အောက်ရပ် တည်နေတာဖြစ်ပြီး ဗီဒယ်လ်ကတော့ ချန်ပီယံဆုအတွက် အသင်းဟောင်း ဂျူဗင်တပ်စ်ကသာ အန္တရာယ်ပေးနိုင်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒယ်လ်က “ဂျူဗင်တပ်စ်က အန္တရာယ်ပေးနိုင်ဆုံးပြိုင်ဘက်ပါ။ သူတို့ဟာ ၉နှစ်ဆက် ဒီချန်ပီယံဆုကို ရထားတယ်။ ဒါပေမဲ့ အားမရနိုင်သေးပါဘူး။ ဒီနှစ်မှာလည်း အတောင့်တင်းဆုံးအသင်းဆိုတာကို ပြသနေဆဲပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ကိုယ်လုပ်နေတဲ့အလုပ်အတွက် ယုံကြည်မှုအပြည့်ရှိပါတယ်” လို့ ဆိုခဲ့တယ်။

ဗီဒယ်လ်ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အထိ ၄ရာသီကြာ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ကာ အမှတ်ပေးချန်ပီယံဆု ၄ ကြိမ်ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ၁၀ ကြိမ်ဆက် အမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် လက်ရှိမှာတော့ တစ်ပွဲလျော့ကစားထားပြီး ထိပ်ဆုံးက အေစီမီလန်အသင်းနဲ့ ၁၀မှတ်အထိ ကွာဟနေပါတယ်။

Ref: AS

Be the first to comment

Leave a Reply

Your email address will not be published.


*