
PSG ကစားသမား နေမာဟာ ရီယိုဒီဂျနဲရိုးမှာ ၅ ရက်တာ ကြာမြင့်မယ့် ပါတီတစ်ခုကို လူအယောက် ၅၀၀ နဲ့ကျင်းပတယ်လို့ ပြောဆိုထားတဲ့အပေါ် ဝေဖန်ခံနေရပါတယ်။ ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၀,၀၀၀ ကျော်ရှိနေပြီး သေနှုန်းနဲ့ ကူးစက်နှုန်းကလည်း ကမ္ဘာ့အဖြစ်များဆုံး နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။
လူ့အခွင့်အရေးရှေ့နေ အော်ဂတ်စ်တိုက “လူ ၅၀၀ နဲ့ ၅ ရက် ပါတီကျင်းပတဲ့အတွက် ငတုံးသရဖူကို နေမာရရှိသွားပါတယ်” လို့ ဝေဖန်သွားခဲ့ပါတယ်။
နေမာဟာ မာန်ကရာတီဘမှာရှိတဲ့ ရီယိုကမ်းခြေက သူ့ရဲ့ စံအိမ်မှာ disco အတွက် တိုးချဲ့ဆောင်ကို အသံလုံစနစ်နဲ့ ဘေးပတ်ဝန်းကျင် မဆူညံ့အောင် ဆောက်လုပ်ထားပါတယ်။ အဲ့ပွဲကြီးကို ဒီဇင်ဘာ ၂၅ ရက်မှာစတင်ပြီး လာမယ့် ၂၀၂၁ နှစ်သစ်ကူးအထိ လုပ်သွားမယ်လို့ သိရပါတယ်။
နေမာဟာ ၂၀၁၆ တုန်းက စံအိမ်ကြီးကို ပေါင် ၆ သန်းနဲ့ ဝယ်ယူထားတာဖြစ်ပြီး အဲ့အိမ်ကြီးမှာ ရဟတ်ယဥ်ဆင်းဖို့ကွင်းနဲ့ ဆိပ်ခံတံတားတို့ ပါဝင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအဆောက်အဦးကို ပြန်လည်မွမ်းမံတည်ဆောက်နေပြီး ဘရာဇီးသတင်းအရ နေမာဟာ ဇိမ်ခံပင်လယ်ကမ်းခြေအိမ်တွေကို အငှားပေးနိုင်ဖို့လို့ နေမာက ပြောသွားပါတယ်။
အဓိက disco နေရာကတော့ သူပိုင်ဆိုင်တဲ့ အိမ်အနီးနားက မြေအောက်ခန်းထဲမှာရှိပြီး အရင်တခေါက်တုန်းကလည်း ပါတီပေးခဲ့ဖူးပါတယ်။
နေမာ ပြောထားတာကတော့ ပါတီကိုလာရောက်ပျော်ပါးမယ့်သူတွေမှာ မိုးဘိုင်းဖုန်းယူဆောင်လာခွင့် မပြုထားပါဘူး။ ပါတီမှာ ဖျော်ဖြေပေးမယ့် တီးဝိုင်းကိုလည်း ငှားရမ်းထားပါတယ်။
အဲ့ဒီပွဲကို ဖိတ်ကြားတဲ့သူတွေထဲမှာ နေမာရဲ့ညီမ ရာဖယ်လာနဲ့ ဘရာဇီး ဆယ်လီ ကာမီလာ လောရက်စ်တို့ ပါဝင်ပါတယ်။
Ref: allfootball
Leave a Reply