ဇန်နဝါရီလ အပြောင်းအရွေ့စျေးကွက်အတွက် သတင်းတိုများ

ဇန်နဝါရီလ အပြောင်းအရွေ့စျေးကွက်ဟာ လာမယ့်ရက်သတ္တပတ် သောကြာနေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေအတွက် 2020-2021 ရာသီကုန်ဖို့လည်း ၄ လပဲ လိုတော့တာကြောင့် အပြောင်းအရွှေ့စျေးကွက်ပေါ်သတင်းထွက်နေတဲ့ ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။

 

ဂိုးသမား ဆာဂျီယို ရိုမီရို (မန်ယူ)

လာမယ့် နွေရာသီမှာ စာချုပ်ပြည့်မှာဖြစ်ပြီး အသင်းထဲမှာ မပါဝင်တော့ပါဘူး။ အသက် ၃၃ နှစ်သားကို အဲဗာတန်နဲ့ ဗလင်စီယာတို့က စိတ်ဝင်စားနေပါတယ်။

ညာနောက်ခံ ဂျွန်ဂျိုးကင်နီ (အဲဗာတန်)

ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးအသင်းမှာ အငှားသွားရောက်ကစားနေပြီး နည်းပြ အန်ဆယ်လော့တီရဲ့ ယုံကြည်မှုကို မရနိုင်ခဲ့တာကြောင့် ကစားသမားက အသင်းပြောင်းရွှေ့ချင်နေပါတယ်။

 

ဗဟိုခံစစ် ဂျိမ်းစ် တွမ်ကင် (ခရစ္စတယ်ပဲလေ့စ်)

ဒဏ်ရာပြဿနာတွေကနေ ပြန်လည်သက်သာလာတဲ့ တွမ်ကင်ရဲ့သဘောထားကို ပဲလေ့စ်တို့ စောင့်နေပါတယ်။ သူ့ကို ဝက်စ်ဘရွန်းအသင်းက စိတ်ဝင်စားနေပါတယ်။

 

ဗဟိုခံစစ် ရိုဂျို (မန်ယူ)

ရှက်ဖီးယူနိုက်တက်နဲ့ နယူးကာဆယ်တို့ စိတ်ဝင်စားနေပြီး မန်ယူကနေ ခေါ်ယူဖို့တော့ ပြောင်းရွှေ့ကြေးပေါ်မူတည်နေပါတယ်။

ဘယ်နောက်ခံလူ ဒန်နီရို့စ် (စပါး)

မော်ရင်ညိုရွေးချယ်တဲ့ စာရင်းထဲမှာမပါဝင်ဘဲ ယူ -၂၃ မှာဆင်းကန်နေပြီး စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အပြောင်းအရွှေ့ကို စောင့်မျှော်နေပါတယ်။

 

ကွင်းလယ် ဒန်နီ ဒရင့်ဝါးတား (ချဲလ်ဆီး)

အရင် နွေရာသီအပြောင်းအရွေ့တုန်းက မပြောင်းဖြစ်ခဲ့ပါဘူး။ ဒီတစ်ခေါက်တော့ ရွေးချယ်ခွင့်များများနဲ့ ပြောင်းရွေ့ပြီး ကွင်းထဲပြန်ကစားဖို့ စဥ်းစားနေပါတယ်။

ကွင်းလယ် ဂျိမ်းမက်ဂါသီ (ခရစ္စတယ်ပဲလေ့စ်)

မက်ဂါသီက လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ဆဲလ်တစ်အသင်းကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။

 

ကွင်းလယ် ဒယ်လီအလီ (စပါး)

စပါးမှာ နေရာပျောက်နေတဲ့ အလီကို ဆရာဟောင်း ပိုချက်တီနိုက PSG မှာ အားဖြည့်ဖို့ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ရှေ့တန်း အီဂါလို (မန်ယူ)

ရှန်ဟိုင်းကနေ အငှားနဲ့ ခေါ်ယူထားတဲ့ အီဂါလိုဟာ အသစ်ရောက်လာတဲ့ ကာဗာနီကြောင့် သူ့ကို အငှားစာချုပ် ထပ်မချုပ်ဆိုတော့ပါဘူး။

 

ရှေ့တန်း ဒန်နီရယ် စတာရစ်ချ် (Free)

လီဗာပူးကစားသမားဟောင်း စတာရစ်ချ်ဟာ ထရာဇွန်စပေါ်နဲ့ ဒီနှစ်အစမှာ စာချုပ်သက်တမ်းကုန်သွားပြီဖြစ်ပါတယ်။ သူ့ကို ဂျာမနီ၊ အီတလီနဲ့ USA လိဂ်တို့က စိတ်ဝင်စားနေပါတယ်။

 

ရှေ့တန်း အိုရီဂီ (လီဗာပူး)

အိုရီဂီဟာ ပုံမှန်ပွဲထွက်ခွင့် ရှုံးဆုံးနေပြီး လီဗာပူးကလည်း ပေါင် သန်း ၂၀ လောက်နဲ့ ရောင်းဖို့ စီစဥ်နေပါတယ်။ ရှော်လ်ကေးနဲ့ ဝုဗ်လ်အသင်းတို့က အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*