
မန်းစီးတီးအသင်းတို့ စနေနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဥ်မှာ ဂန်ဒိုဂမ်နဲ့ ဖာရန်တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ပွဲထဲကို ပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီပွဲမှာ မန်စီးတီးအသင်းတို့ (၂-၀)နဲ့ နိုင်ခဲ့ပေမယ့် ဂွါဒီယိုလာတစ်ယောက် ပျော်ရွှင်မနေပုံမရပါဘူး။
ဂွါဒီယိုလာ ကွင်းဘေးမှာ သူ့အသင်းသားတွေ ရုန်းကန်နေရတာနဲ့ တစ်ရာသီလုံးနီးပါး ဒုက္ခရောက်နေတဲ့ အသင်းရဲ့အားနည်းချက်တွေကို လေ့လာရင်း အားမလိုအားမရဖြစ်ပြီး စိတ်ညစ်နေပါတယ်။
နယူးကာဆယ်နဲ့ နိုင်ပွဲအပြီးမှာတော့ မန်စီးတီးဟာ အဆင့် ၅ နေရာကို ရောက်လာခဲ့ပါတယ်။ ဒီအခုအခြေအနေနဲ့ မနှစ်က မန်စီးတီးတို့ရဲ့ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဥ်လိုက်ရင် အများကြီးကွာနေသေးပါတယ်။
ဂွါဒီယိုလာဟာ မနှစ်က သူတို့ရဲ့နောက်တန်းအားနည်းချက်ကို ပြင်ဆင်ကောင်း ပြင်ဆင်နိုင်ပေမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားကွက် ပုံစံတွေတော့ ပျောက်ဆုံးနေဆဲပါပဲ။ အသင်းတိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့လည်းကြုံတွေ့နေရပါတယ်။
ရိုဒရီဂိုရဲ့ လေးတိလေးကန် ကစားနည်းနဲ့ လူပေးမှားယွင်းနေတာတွေက အသင်းကစားကွက်ထဲ စိုးရိမ်စရာတွေပဲ ပိုဖြစ်နေပါတယ်။ ဒီဘရိုင်နား၊ ဘာနာဒိုဆေးလ်ဗားနဲ့ စတားလင်းတို့ကလည်း အကောင်းဆုံးပုံစံ မပြနိုင်ခဲ့ပါဘူး။ ဂန်ဒိုဂမ်ကတော့ ဒီပွဲစဥ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပွဲချိန် ၁၄ မိနစ်မှာတော့ စတာလင်းရဲ့ ဂိုးဖန်တီးမှုက တစ်ဆင့် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ နောက်တစ်ဂိုးကိုတော့ ဖာရန်တောရက်စ်က ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးဟာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ကရာဘောင်းဆီမီးဖိုင်နယ်မှာ မန်ချက်စတာ ဒါဘီပွဲစဥ်အဖြစ် မန်ယူနဲ့ကစားရမှာဖြစ်ပါတယ်။
Ref: Mirror
Leave a Reply