ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရက်ဖို့ဒ်ထက် အသက်ငယ်ရွယ်ကာ ဂိုး ၅၀ပြည့်သွင်းနိုင်တဲ့ ကစားသမား ၆ ဦး သာရှိ

မန်ယူအသင်းတိုက်စစ်ကစားသမား ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ လက်စတာ (၂-၂)  မန်ယူပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး ၅၀ပြည့်မြောက်ခဲ့ပါတယ်။

ဒါဟာ ရက်ဖို့ဒ်အတွက် မှတ်တမ်းကောင်းတစ်ခုဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ သူ့ထက်ငယ်ရွယ်ကာ ဂိုး ၅၀ပြည့် သွင်းနိုင်ခဲ့သူ ၆ဦးသာ ရှိပါသေးတယ်။

အင်္ဂလန်တိုက်စစ်ကစားသမား ရက်ဖို့ဒ်ဟာ လက်စတာနဲ့ပွဲကစားချိန်မှာ အသက် ၂၃နှစ်နဲ့ ၅၆ရက် သာ ရှိသေးပြီး ၇ ဦး မြောက် အသက်ငယ်ဆုံးဂိုး ၅၀ပြည့်သူ ဖြစ်လာခဲ့တာပါ။

 

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်ငယ်ဆုံး ဂိုး ၅၀ပြည့်သူမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ဖြစ်ပြီး ၂၀နှစ်၊ ၂၅၁ရက်နဲ့ စံချိန်တင်ထားတာဖြစ်ပါတယ်။

သူ့နောက်မှာတော့ လီဗာပူးလ်ကစားသမားဟာင်းပဲဖြစ်တဲ့ ရော်ဘီဖောင်လာက ၂၀နှစ်၊ ၂၅၅ရက်နဲ့ မှတ်တမ်းဝင်နေပြီး မန်ယူတိုက်စစ် မှူးဟောင်း ရွန်နီက ၂၁နှစ်၊ ၅၄ရက်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ရွန်နီရဲ့နောက်မှာ အဲဗာတန်တိုက်စစ်မှူးဟောင်း လူကာကူက ၂၂နှစ်၊ ၁၉၂ရက်နဲ့ ရပ်တည်နေပြီး မန်ယူအသင်းကစားသမားဟောင်း စီရော်နယ်လ်ဒို( ၂၂နှစ်၊ ၃၄၀ရက်)နဲ့ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း(၂၃နှစ်၊ ၃၄ရက်)တို့က အစဉ်လိုက် ရှိနေပါတယ်။

Ref: B/R Football

Be the first to comment

Leave a Reply

Your email address will not be published.


*