
စနေ့ညက ကစားခဲ့တဲ့ လက်စတာနဲ့ (၂-၂)သရေကျသွားတဲ့ပွဲစဥ်မှာ တော်မီနေးလ်က လက်စတာကစားသမား ဟာဗေးဘားနက်ကို လူကပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် မန်ယူကစားသမားဟောင်း ပေါလ်စခိုးက ဝေဖန်သွားခဲ့ပါတယ်။
မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းကို ရက်ဖို့ဒ်က သွင်းယူခဲ့ပြီး မကြာခင်မှာ လက်စတာကစားသမား ဘားနက်က ချေပဂိုးသွင်းယူခဲ့ပါတယ်။
အဲ့ဒီဂိုးကို တော်မီနေးလ် လူကပ်ကစားတာ ပျက်ကွက်ခဲ့တာကြောင့်ခွင့်ပြုလိုက်ရတာဖြစ်ပြီး ပေါလ်စခိုးက “တစ်ယောက်တည်း social distancing ကို အလေးအနက် လုပ်ဆောင်နေတယ်”လို့ ဝေဖန်သွားခဲ့ပါတယ်။
မန်ယူကစားသမားဟောင်း ပေါလ်စခိုးက “တော်မီနေးလ်က social distancing ကို ကွင်းထဲမှာ တကယ်လုပ်နေတယ်။ သူအဲ့ကန်သွင်းချက်ကို တားဆီးရမှာပါ။ ဟာဗေးဘားနက် ကန်သွင်းတော့မှာကို ကျွန်တော်တို့လည်း မြင်နေရပါတယ်”လို့ စကိုင်းစပို့တ်ကို ပြောသွားပါတယ်။
မန်ယူအသင်းခေါင်းဆောင် မက်ဂွဲယားက အသင်းပြန်လည် စုစည်းနေချိန်မှာ ချော်လဲခဲ့ပြီး ဘရူဖာနန်ဒက်စ်က ဘောလုံးပိုင်ဆိုင်မှု ရှုံးဆုံးတာကြောင့် လက်စတာတို့အတွက် ဂိုးကန်သွင်းနိုင်ဖို့ အခွင့်အရေးဖြစ်သွားခဲ့ပါတယ်။
မန်ယူအသင်းဟာ လက်စတာရဲ့အိမ်ကွင်းမှာ သွားရောက်ယှဥ်ပြိုင်ခဲ့ပြီး (၂-၂) သရေကျသွားခဲ့ပါတယ်။ မန်ယူဟာ လက်ရှိအချိန် ၁၄ ပွဲကစားထားပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
Ref: dailymail
Leave a Reply