ပိုချက်တီနိုလက်ထက် မက်ဆီနဲ့ နေမာတို့ တွဲဖက်ကစားတာကို PSG မှာ ပြန်ပြီးမြင်တွေ့ရနိုင်

PSG နည်းပြသစ် ပိုချက်တီနိုဟာ မက်ဆီနဲ့ နေမာတို့ကို ပြန်ပြီးတွဲဖက်ကစားခွင့်ရအောင် ပြုလုပ်ပေးလိမ့်မယ်လို့ ပြင်သစ်သတင်းတစ်ခုက ဆိုလိုက်ပါတယ်။

နည်းပြဟောင်း သော်မတ်စ် တူချယ်ကို ထုတ်ပယ်လိုက်ပြီး ၁၂ လ အကြာ အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

အခုတော့ ပိုချက်တီနိုဟာ PSG အသင်းတိုက်စစ်နေရာအတွက် ကစားဖော်ဟောင်းလည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့ နေမာနဲ့တွဲကစားစေဖို့ မက်ဆီကို ဘာစီလိုနာကနေ ခေါ်သွားမယ်လို့ ပြင်သစ်သတင်းဌာနက ဆိုပါတယ်။

မက်ဆီကတော့ ဒီရာသီအကုန်မှာ ဘာစီလိုနာကနေ အလွတ်ထွက်ခွာခွင့်ရရှိမှာဖြစ်ပြီး မနှစ်ကနွေရာသီ အပြောင်းအရွှေ့မှာ မက်ဆီက အသင်းပြောင်းချင်တာကို ခွင့်မပြုခဲ့တာကြောင့် အခုလိုအခြေအနေမျိုး ဖြစ်သွားခဲ့ပါတယ်။

အခုဘာစီလိုနာနည်းပြသစ် ကိုးမန်းလက်အောက် ကျန်ရှိနေသေးတဲ့ကာလမှာ မက်ဆီရဲ့ အနာဂတ်အတွက် သေချာရွေးချယ်ဖို့ ဖြစ်လာပါတော့မယ်။

ပိုချက်တီနိုကလည်း သူ PSG ကို စတင်ကိုင်တွယ်တဲ့အချိန်မှာ အာဂျင်တီးနားသား မက်ဆီကို အရခေါ်ယူသွားဖို့နဲ့ ချန်ပီယံလိဂ်အတွက် အကောင်းဆုံး ရည်ရွယ်ထားပါတယ်။

PSG အသင်းမှာ ကစားနေတဲ့ ဒီမာရီးယားကလည်း အာဂျင်တီးနားနိုင်ငံကလပ်မှာ မက်ဆီတွဲဖက်ကစားဖော် တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

နောက်ရာသီ ရီးရဲလ်မက်ဒရစ်မှာ သွားရောက်ကစားချင်နေတဲ့ အသက် ၂၂ နှစ်အရွယ် ဘာပေနေရာအတွက် PSG တို့ မက်ဆီကို ခေါ်ယူနိုင်ရင် ဖိအားတချို့ သက်သာသွားနိုင်ပါတယ်။ ဘာပေဟာ သူနှစ်သက်တဲ့ ဇီဒန်းလက် အောက်မှာ သွားရောက်ကစားပြီး ချန်ပီယံလိဂ်လည်း ဆွတ်ခူးချင်ပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*