ကိုဗစ်ရောဂါဖြစ်ပွားနေတာကြောင့် ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ယူ-၂၀ နဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းခဲ့တဲ့ FIFA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရောဂါဖြစ်ပွားနေတာကြောင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ ယူ-၂၀နဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၁ခုနှစ် ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားတာဖြစ်ပြီး တောင်အမေရိကတိုက်အခြေစိုက် ပီရူးနိုင်ငံဟာလည်း ၂၀၂၁ ခုနှစ် ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိထားတာဖြစ်ပါတယ်။

FIFA ရဲ့ထုတ်ပြန်ချက်မှာ ” ကိုဗစ်ရောဂါကြောင့် ၂၀၂၁ခုနှစ်မှာ ကျင်းပမယ့် ယူ-၂၀နဲ့ ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို ၂၀၂၃ ခုနှစ်မှာ ပြောင်းလဲကျင်းပသွားမှာဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်အတွက် ယင်းပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရထားတဲ့ အိမ်ရှင်နိုင်ငံတွေအနေနဲ့၂၀၂၁အစား ၂၀၂၃ခုနှစ်မှာ ပြောင်းလဲကျင်းပခွင့်ရမှာဖြစ်ကြောင်း” ပါရှိပါတယ်။

FIFA ဟာ ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၁ခုနှစ်အတွင်း သူတို့ကြီးမှူးကျင်းပမယ့် နိုင်ငံတကာပြိုင်ပွဲတွေကို ရွှေ့ဆိုင်းမှုတွေပြုလုပ်နေရပါတယ်။

Ref: ANADOLU AGENCY

Be the first to comment

Leave a Reply

Your email address will not be published.


*