ဂျူဗင်တပ်နဲ့ ရော်နယ်ဒိုတို့အတွက် ဝေးကွာဖို့ တဖြည်းဖြည်းနီးကပ်လာပြီလား

မက်ဆီအနာဂတ်နဲ့ ပတ်သက်ပြီးတော့ ရေးသားသတင်းဆောင်းပါးတွေလည်း မရေမတွက်နိုင်အောင်ပါပဲ။ အာဂျင်တီးနားသားဟာ ဘာစီလိုနာနဲ့ ဇွန်လ ၃၀ မှာ စာချုပ်ကုန်ဆုံးမှာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ စီးရီးအေ ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုအတွက်လည်း အဲ့လိုအခြေအနေမျိုးဖြစ်လာပါပြီ။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီမှာ အသက် ၃၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ သူနဲ့ ဂျူဗင်တပ်အသင်း စာချုပ်သက်တမ်းဟာလည်း ၂၀၂၁ ဇွန်လမှာ ကုန်ဆုံးမှာပါ။ ဒီတစ်ခေါက်မှာ တော့ ရော်နယ်ဒိုအတွက် အရမ်းအသာရမနေပါဘူး။

ကိုဗစ်လှိုင်းရိုက်ခတ်ပြီး စီးပွားရေးတွေလည်း ကျဆင်းနေတဲ့အချိန်မှာ ရော်နယ်ဒိုအတွက် တစ်နှစ်လစာတန်ကြေးက ယူရို ၃၁ သန်း တောင် ပေးချေရတာကြောင့် ဂျူဗင်တပ်အတွက် စဥ်းစားစရာဖြစ်လာပါတယ်။

အီတလီသတင်းတစ်ခုအရ ကိုဗစ်လှိုင်းရိုက်ခတ်တာကြောင့် ရော်နယ်ဒိုဟာ သူ့ရဲ့လစာထဲကနေ ယူရို ၃.၈ သန်း ကို အသင်းစီးပွားရေးအခြေအနေအတွက် အရှုံးဆုံးခံခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့လစာဟာ စီးရီးအေမှာ တစ်ပတ်လုပ်ခ ဒုတိယအများဆုံးရထားတဲ့ ဂျူဗင်အသင်းဖော် ဒီလစ်ရဲ့ လစာထက် ၃ ဆပိုများနေတုန်းပါပဲ။

အဲ့ဒါကြောင့် စာချုပ်လက်ကျန်အချိန်မှာ ရော်နယ်ဒိုကို လစာလျှော့ပြီး စာချုပ်သစ် ထပ်ချုပ်မလား ဒါမှမဟုတ် နွေရာသီအပြောင်းအရွေ့မှာ သူ့နေရာအစား အခြားတစ်ယောက်ယောက်ကို အစားထိုးနိုင်မလားဆိုတာ ဂျူဗင်နဲ့ ရော်နယ်ဒို နှစ်ဖက်စလုံးအတွက် အချိန်ကတဖြည်းဖြည်းနီးလာနေပါပြီ။

ရော်နယ်ဒိုဟာ ဒီရာသီ စီးရီးအေမှာ ၁၀ ပွဲကစားထားပြီး ၁၂ ဂိုးသွင်းယူထားနိုင်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ အသင်းအောင်မြင်မှုတွေထဲက ချန်ပီယံလိဂ်နဲ့ ဝေးကွာနေဆဲဖြစ်တာကြောင့် ရော်နယ်ဒိုကို လစာငွေ အမြောက်အမြားနဲ့ ခေါ်ယူခဲ့ပေမယ့် မနှစ်က ဂျူဗင်တို့ ၁၆ သင်းအဆင့်မှာ လိုင်ယွန်ကို ရှုံးနိမ့်ပြီး တစ်နှစ်ထပ် လွဲခဲ့ရပါတယ်။

Ref: allfootball

Be the first to comment

Leave a Reply

Your email address will not be published.


*