၄၈ နာရီတည်းနဲ့ ၂ ပွဲကစားရမှာဖြစ်တာကြောင့် ပရီးမီးလားလိဂ်အဖွဲ့ချုပ်ကို ပေါက်ကွဲနေတဲ့ ဖရန့်လမ်းပတ်

၄၈ နာရီအတွင်း ပရီးမီးယားလိဂ် ၂ ပွဲကစားရမှာကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့ ရုပ်သံထုတ်လွှင့်သူတွေကို ဖရန့်လမ်းပတ် ပေါက်ကွဲခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့် စနေနေ့ အာဆင်နယ်နဲ့ပွဲစဥ်ကို ညနေ ၅ နာရီခွဲမှာ ကစားရပြီး အဲ့လိုပဲ တနင်္ဂနွေနေ့မှာလည်း အဲ့အချိန်ကစားရမှာဖြစ်တာကြောင့် ၄၈ နာရီအတွင်း ၂ပွဲကစားရမှာဖြစ်ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲကို စကိုင်းစပို့တ်မှာပြသပြီး အဝေးကွင်းပွဲစဥ် ဗီလာနဲ့ပွဲကို အမေဇုန်ရုပ်သံမှာ ပြသသွားပါမယ်။

ပွဲစဥ်ဇယားရေးဆွဲထားပုံအရ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ရပ်တည်နိုင်ဖို့ ဖရန့်လမ်းပတ်အတွက်တော့ ခေါင်းခဲချင်စရာ ဖြစ်ရပ်ပါပဲ။

“၄၈ နာရီနဲ့ ၂ ပွဲကစားရမယ့်ပွဲရမှတ်တွေက ကျွန်တော်တို့အသင်းအတွက် အရမ်းကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇယားထိပ်ကို ပြိုင်ဆိုင်နေတဲ့ ကျန်အသင်းတွေကျတော့ ၂ ပွဲကို ၃ ရက်နဲ့ ကစားရမှာဖြစ်ပါတယ်”လို့ပြောသွားပါတယ်။

“မန်ယူ, စပါး, လီဗာပူးအသင်းတွေကတော့ ၃ ရက်ထဲ ၂ ပွဲကစားရမှာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ အားနည်းချက်တစ်ခုပါပဲ။ ကစားသမားတွေ ၂ ရက်ထဲ ၂ ပွဲကစားရမယ်ဆိုရင် သူတို့အတွက်လည်း စွန့်စားရာကျမယ်ဆိုတာ လူတိုင်းသိပါတယ်”

လာမယ့်ဘောက်ဆင်ဒေးမှာ အာဆင်နယ်နဲ့ ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးအသင်းတွေအနေနဲ့ ခရစ္စမတ်ပွဲကြပ်ကာလအတွင်း နိုင်ပွဲယူထားနိုင်မှ ချန်ပီယံဆုအတွက် ပိုပြီး မျှော်မှန်းနိုင်မှာပါ။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*