
အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ အိုဇေးလ်ဟာ လက်ရှိတစ်ပတ်လစာထက် ပေါင် ၂၀၀,၀၀၀ လျှော့ယူပြီး တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဂျာမန်နာမည်ကြီးသတင်းစာ Bild ရဲ့အဆိုအရ အိုဇေးလ်ဟာ လစာတစ်ပတ်ပေါင် ၁၅၀,၀၀၀ ဝန်းကျင်နဲ့ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အိုဇေးလ်ဟာ လက်ရှိအာဆင်နယ်အသင်းမှာ တစ်ပတ်ပေါင် ၃၅၀,၀၀၀ ရရှိနေတာဖြစ်လို့ တူရကီကလပ်ကို ပြောင်းမယ်ဆိုရင် တစ်ပတ် ပေါင် ၂၀၀,၀၀၀ လောက်လျော့နည်း ခံစားရမယ့်အခြေအနေပါ။ ဖီနာဘာချီအသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မူရတ်ဇိုလူကတော့ လာမယ့်တစ်လအတွင်း သူတို့အသင်းကို အိုဇေးလ်ရောက်လာဖို့ ၉၀ရာခိုင် နှုန်းသေချာတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။
ဒါပေမဲ့ အပြောင်းအရွှေ့ကာလတိုတောင်းတဲ့ ဇန်နဝါရီမှာ အိုဇေးလ်ပြောင်းရွှေ့နိုင်ဖွယ်မရှိဘဲ နွေရာသီရောက်မှသာ အပြောင်းအရွှေ့ ဖြစ်လာဖွယ်ရှိပါတယ်။
အိုဇေးလ်ဟာ နည်းပြအာတီတာနဲ့ ဆက်ဆံရေး အေးခဲလျက်ရှိပြီး ဒီရာသီအာဆင်နယ်အသင်းမှာ တစ်ပွဲမှ ပါဝင်ကစားခွင့်မရသေးပါဘူး။
Ref: Mirror
Leave a Reply