
အာဆင်နယ်အသင်းဟာ ဘောက်ဆင်ဒေးမှာ တွေ့ဆုံမယ့် ချဲလ်ဆီးပွဲအမီ အော်ဘာမီယန်း ပါဝင်နိုင်ဦးမလားဆိုတာ မသေချာသေးတာကြောင့် အခက်တွေ့နေပါတယ်။
အော်ဘာမီယန်းဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ၂ ပွဲလွဲချော်ခဲ့ရပြီး နည်းပြအာတီကလည်း ပရီးမီးယားလိဂ်မှာ အသင်းခြေစွမ်း ဆိုးရွားနေတာကြောင့် အော်ဘာမီယန်းကို လိုအပ်နေတာပါ။ အာဆင်နယ်အသင်းဟာ နိုဝင်ဘာ ၁ ရက်နေ့က မန်ယူအသင်းနဲ့ (၁-၀)နိုင်ပွဲကတည်းက အခုအချိန်ထိ ၇ ပွဲ ဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။
အော်ဘာမီယန်းက ကြံ့ခိုင်ရေးကောင်းမွန်အောင် ဆေးအဖွဲ့နဲ့ အပြင်းအထန် ကြိုးစားနေပါတယ်လို့ သိရပါတယ်။
အက်သလက်တီကိုကနေပြောင်းလာတဲ့ ကွင်းလယ်ကစားသမား သော်မတ်စ် ပါတီကလည်း စပါးကို (၂-၀)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ပေါင်ဒဏ်ရာ ရခဲ့တာကြောင့် ပြန်ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူးလို့ အာဆင်နယ်အသင်းက ထုတ်ပြန်ထားပါတယ်။
“သော်မတ်စ်က အခုအချိန် ကစားလို့မရသေးပါဘူး။ သူအခု ကြံ့ခိုင်ရေးပိုင်းဆိုင်ရာ တော်တော်တိုးတက် လာပါပြီ။ အသေးစား လေ့ကျင့်ခန်းတွေလည်း စလုပ်နေပြီး ပွဲမှာပြန်ကစားနိုင်အောင် ကျွန်တော်တို့ အာရုံစိုက်လုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
ကွင်းလယ်ကစားသမား ရှာခါကလည်း မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲစဥ်မှာ အနီကတ်ပြသခံခဲ့ရတာကြောင့် ၃ ပွဲ ပယ်ပစ်ဒဏ် ချခံထားရပါတယ်။ အာဆင်နယ်အသင်းဟာ ရလဒ်တွေဆက်တိုက် ဆိုးရွားနေပြီး ကစားသမား မစုံလင်တာကြောင့် လာမယ့် ချဲလ်ဆီးနဲ့ပွဲမှာ ရုန်းကန်ရနိုင်ပါတယ်။
Ref : dailymail
Leave a Reply