လိုက်ဇစ်ညာနောက်ခံလူ ဆာဘစ်ဆာကို ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ စပါး

မော်ရင်ညိုဟာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ဖား ဆွတ်ခူးဖို့ ရည်ရွယ်ထားပြီး အသင်းကိုလည်း အမြဲတမ်း အကောင်းဆုံးပုံစံနဲ့ ရှိစေချင်တာကြောင့် လိုက်ဇစ် ညာနောက်ခံ ကစားသမား မာစယ်လ် ဆာဘစ်ဆာ ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဆာဘစ်ဆာဟာ လိုက်ဇစ်နဲ့ ၂၀၂၂ နှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေတယ်။ လိုက်ဇစ်အသင်းကလည်း ရောင်းထုတ်ချင်နေပြီး ကစားသမားအတွက် တန်ကြေးများများလိုချင်နေပါတယ်။ စပါးအသင်းအတွက်တော့ ဆာဘစ်ဆာ ရောက်လာရင် အသင်းက ဒွန်ဘီလီကို ရောင်းထုတ်ဖို့ စီစဥ်နေပါတယ်။

 

စပါးအသင်းဟာ ရာသီစကတည်းက အကောင်းပုံစံနဲ့ ဇယားထိပ် ၄ သင်းထဲမှာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သရေကျခဲ့ပြီး လက်စတာနဲ့ ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် အကောင်းဆုံး အနေထားကို ရပ်တန့်သွားစေခဲ့ပါတယ်။

ဘာစီလိုနာကလည်း စပါးကွင်းလယ်လူ ဒွန်ဘီလီကို စိတ်ဝင်စားနေပြီး မော်ရင်ညိုကလည်း သူ့အသင်း ဒီထက်ပိုပြည့်စုံဖို့ လိုက်ဇစ် ညာနောက်ခံလူရဲ့ ခြေစွမ်းကို နှစ်သက်တာကြောင့် ခေါ်ယူသွားနိုင်ဖို့ ကြိုးစားနေပါတယ်။

ဆာဘစ်ဆာဟာ လိုက်ဇစ်အသင်းအတွက် ၂၀၃ ပွဲကစားထားပြီး ၄၆ ဂိုးနဲ့ ၃၈ ကြိမ်ဖန်တီးထားပေးပါတယ်။ မနှစ်က စပါးအသင်းကို ၁၆ သင်း ရှုံးထွက်အဆင့်မှာလည်း အနိုင်ယူနိုင်ခဲ့ပါတယ်။ ဆာဘစ်ဆာဟာ ညာနောက်ခံနေရာတင်မကဘဲ အလယ်ခံစစ်၊ ကွင်းလယ် စတဲ့နေရာတွေလည်း ကစားနိုင်တာကြောင့် မော်ရင်ညို အကြိုက်တွေ့နေပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*