လီဗာပူးလ်အသင်းမှာ ဆာလာ ပျော်ရွှင်နေတယ်ဆိုပြီး အပြောင်းအရွှေ့သတင်းတွေအပေါ် တုံ့ပြန်လိုက်တဲ့ ယာဂန်ကလော့ပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အီဂျစ်တိုက်စစ်ကစားသမား ဆာဟာဟာ အသင်းမှာ ပျော်ရွှင်နေတယ်လို့ဆိုခဲ့ပြီး အပြောင်းအရွှေ့သတင်းတွေအပေါ် တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့သတင်းတွေအရ ဆာလာဟာ လီဗာပူးလ်အသင်းမှာ မပျော်ရွှင်တော့ဘဲ လာမယ့်ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ဖော်ပြခဲ့ကြတာပါ။ ဆာလာကိုယ်တိုင်ကလည်း မကြာသေးမီက မက်ဒရစ်အခြေစိုက် စပိန်နာမည်ကျော် အားကစားသတင်းစာ AS နဲ့တွေ့ဆုံရာမှာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေကို နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော်တို့ ဘယ်တုန်းကမှ စာချုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး စကားမပြောခဲ့ပါဘူး။ အခု သူ အသင်းမှာ ပျော်ရွှင်နေတယ်။ ဒါက အရေးကြီးဆုံးပါပဲ။ ဒီနေ့လေ့ကျင့်ရေးအစီအစဉ်ကို ခင်ဗျားလာကြည့်ခဲ့မယ်ဆိုရင် သူတောက်လျှောက်ရယ်မောနေတာကို တွေ့ရမှာပါ။

ကျန်တာကတော့ ခင်ဗျားရေးဖို့အတွက်ပဲ ကောင်းမွန်ပါလိမ့်မယ်။ ပြောစရာဘာမှ မရှိတော့ပါဘူး” လို့ သတင်းထောက်တွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဆာလာဟာ နောက်ဆုံးကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် (၀-၇) လီဗာပူးလ်ပွဲစဉ်မှာလည်း အသင်းအတွက် လူစားဝင်ကာ အနိုင်ဂိုး ၂ဂိုး သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ခရစ္စမတ်ကာလမှာလည်း အမှတ်ပေးဇယားထိပ်ကို ၃ ရာသီဆက် တိုက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး သူတို့ကိုယ်တိုင် တင်ရှိထားတဲ့ ၁၉၇၈ ကနေ ၁၉၈၀ အထိ ၃ရာသီဆက် စံချိန်ကို ပြန်ရရှိခဲ့တာဖြစ်ပါတယ်။

Ref:Reuters

Be the first to comment

Leave a Reply

Your email address will not be published.


*