
လိဒ်စ်အသင်းတိုက်စစ်မှူး ပက်ထရစ်ဘန်းဖို့ဒ်ဟာ အသင်းဝန်ထမ်းတွေအတွက် နည်းပြမာစယ်လိုဘီယဲလ်ဆာရဲ့ခရစ္စမတ်ကံစမ်းမဲအကြောင်းကို လူသိရှင်ကြား ဖွင့်ချလိုက်ပါတယ်။
ဘီယဲလ်ဆာဟာ အသင်းဝန်ထမ်းတွေအတွက် ပြီးခဲ့တဲ့နှစ်ခရစ္စမတ်ကာလတုန်းကလည်း ကံစမ်းမဲ ပြုလုပ်ပေးခဲ့ပြီး စားဖိုမှူးတစ်ယောက်က ကားတစ်စီး မဲပေါက်ခဲ့တယ်လို့ သိရပါတယ်။
ခရစ္စမတ်ကာလဟာ ပရီးမီးယားလိဂ်အသင်းတွေအတွက်တော့ ပွဲတွေဆက်တိုက်ကစားရတဲ့ အချိန်ဖြစ်ပြီး အသင်းမှာရှိသမျှ ဝန်ထမ်းတွေဟာလည်း ပွဲရက်တွေဆက်တိုက်ရှိနေလို့ ကစားသမားတွေလိုပဲ မိသားစုနဲ့အဝေးမှာ နေကြရပါတယ်။
ဒါကြောင့် နည်းပြ ဘီယဲလ်ဆာရဲ့ခရစ္စမတ်ကံစမ်းမဲဟာ ဝန်ထမ်းတွေအတွက်တော့ ပျော်စရာ အစီအစဉ်တစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဘန်းဖို့ဒ်က “မျှတမှုရှိဖို့အတွက် မာစယ်လိုဟာ ကံစမ်းမဲပြုလုပ်ပေးပါတယ်။ တစ်ယောက်ကို နံပါတ်ပါတဲ့ လက်မှတ်တစ်ခုစီရတယ်။ ဒီကံစမ်းမဲက ကစားသမားတွေနဲ့ ကြံ့ခိုင်ရေးဝန်ထမ်းတွေအတွက်မပါပါဘူး။
စားသောက်ခန်းက ဝန်ထမ်းတွေ၊ ကွင်းထိန်းသိမ်းရေးဝန်ထမ်းတွေနဲ့ ရုံးဝန်ထမ်းတွေအတွက်ပါ။ သူတို့မှာ တစ်စုံတစ်ခုရရှိဖို့ အခွင့်အရေးရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က စားဖိုမှူးတစ်ယောက်ဟာ ကားတစ်စီး မဲပေါက်ခဲ့ပါတယ်။ ဒီကားကို မာစယ်လိုကိုယ်တိုင်ဝယ်ခဲ့တာလားဆိုတာ ကျွန်တော်လည်း သေချာမသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ကံစမ်းမဲဟာ အားလုံးအတွက် ရင်ခုန်ပျော်ရွှင်ရတဲ့အစီအစဉ်ဖြစ်ပါတယ်” လို့ ဆိုခဲ့တယ်။
Ref: Leedslivenews
Leave a Reply