ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ရောက်လာနိုင်တဲ့ ကွင်းလယ်ကစားသမား အယ်ရစ်ဆင်

စပါးကစားသမားဟောင်း အယ်ရစ်ဆင်တစ်ယောက် စီးရီးအေကလပ် အင်တာမီလန်ကို ပြောင်းရွေ့သွားခဲ့ပေမယ့် တစ်နှစ်မပြည့်ခင်မှာပဲ အသင်းအမှုဆောင်ချုပ် ဂျီစ်ပီမာရိုတာက လာမယ့် ဇန်နဝါရီလ အပြောင်းအရွေ့မှာ ရောင်းထုတ်မယ့်စားရင်းထဲ ထည့်လိုက်ပြီဖြစ်ပါတယ်။

မာရိုတာက အသင်းအနာဂတ်နဲ့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွေ့အကြောင်းနဲ့ပတ်သက်ပြီး အယ်ရစ်ဆင်ဟာ အသင်းမှာ ဆက်ရှိမှာမဟုတ်တာ သေချာတဲ့အကြောင်း စကိုင်းစပို့တ်ကို ပြောခဲ့ပါတယ်။

“အယ်ရစ်ဆင်ကို အသင်းကရောင်းထုတ်မယ့် စားရင်းထဲမှာထည့်ထားတယ်ဆိုတာ သေချာပါတယ်။ သူက အသင်းနဲ့ အထိုင်ကျဖို့ ရုန်းကန်နေရပါတယ်။ သူက အသင်းနဲ့လည်း အံ့မဝင်ခဲ့ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား အယ်ရစ်ဆင်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ပြည့်ခါနီး ၆ လအလိုမှာ အရမ်းပြောင်းရွေ့ချင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလက ပေါင် ၂၅ သန်းနဲ့ ရောက်လာခဲ့ပါတယ်။

နည်းပြကွန်တီလက်အောက်မှာ ၃၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းယူပြီး ၃ ဂိုးသာ ဖန်တီးထားနိုင်တာကြောင့် သူ့အနာဂတ်ဟာ အင်တာမှာ မသေချာမရေရာဖြစ်သွားပါတယ်။

အာဆင်နယ်အသင်းက ဂိုးဖန်တီးရှင်ခေါ်ယူချင်နေတာကြောင့် လာမယ့်အပြောင်းအရွေ့မှာ ဒိန်းမတ်နိုင်ငံသား အယ်ရစ်ဆင်ကို ခေါ်ယူသွားမယ်လို့ သတင်းထွက်နေပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*