PSG နည်းပြ တူချယ်ကို ထုတ်ပယ်ပြီး နည်းပြရာထူးသစ်အတွက် ပိုချက်တီနိုကို အစားထိုးဖို့ စီစဥ်နေ

PSG နည်းပြရာထူးကနေ တူချယ်အထုတ်ခံရပြီး ပိုချက်တီနိုကို အစားထိုးသွားမယ်လို့ ဂျာမန်သတင်းကနေ သိရပါတယ်။

စထရက်ဘော့နဲ့ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ (၄-၀)နိုင်ပွဲအပြီးမှာ တူချယ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာကြောင့် နည်းပြသစ်အစားထိုးဖို့ အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုနဲ့ အစားထိုးဖို့ ထိပ်ဆုံးကဖြစ်လာပါတယ်။

Sky Germany ကသတင်းအရ PSG ရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုက အသက် ၄၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တူချယ်ကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

တူချယ်ဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၄ လ အကြာမှာ ထုတ်ခံလိုက်ရပါတယ်။ ယခုရာသီ ချန်ပီယံလိဂ်အုပ်စုမှာလည်း အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ အသင်းဆင့်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။

ခရစ္စမတ်နားရက်မတိုင်မီ စထရက်ဘော့နဲ့ပွဲဟာ တူချယ်ရဲ့နောက်ဆုံး PSG ပွဲသွားခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှ လိဂ်ပွဲတွေလည်း ပြန်ကစားကြရမှာ ဖြစ်ပါတယ်။

ဘူကီတွေရဲ့ အကြိုက်ဆုံးခန့်မှန်းထားတဲ့ PSG နည်းပြဖြစ်လာမယ့်သူကတော့ ဂျူဗင်တပ်နည်းပြဟောင်း အယ်ရီဂရီ လို့ ဖော်ပြထားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*