
ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ မန်ယူနဲ့ အဲဗာတန် ကရာဘောင်းပွဲစဥ်မှာ မန်ယူတိုက်စစ်မှူး ကာဗာနီက အဲဗာတန်ကစားသမား ယယ်ရီမီနာရဲ့ လည်ပင်းကို ကိုင်ပြီးတွန်းထုတ်ခဲ့တာကြောင့် အနီကတ်ပြ ခံရသင့်တယ်လို့ ပြောဆိုတဲ့အပေါ် နည်းပြဆိုးရှားက ငြင်းဆိုသွားခဲ့ပါတယ်။
အဲဗာတန်ကွင်း ဂွတ်ဒီဆွန်မှာ အဲ့ဒီပွဲစဥ်ကို VAR အကူအညီမပါဝင်ဘဲ ဒိုင်လူကြီး အန်ဒရူးမာလေ ကိုင်တွယ်ခဲ့တာပါ။
ဒုတိယပိုင်းအစမှာ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီက မီနာရဲ့ လည်ပင်းကိုကိုင်ပြီး မြက်ခင်းပြင်ပေါ် တွန်းထုတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဥ်ကို ဒိုင်လူကြီး မာလေကလည်း မမြင်ခဲ့ပါဘူး။ ပြီးတော့ VAR မပါဝင်တာကြောင့် ပြန်ကြည့်လို့မရခဲ့ပါဘူး။
ကာဗာနီဟာ ကွင်းထဲမှာ ဆက်ကစားခဲ့ပြီး ပွဲပြီးခါနီး ၃ မိနစ်အလိုမှာ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ပြီးတော့ အချိန်ပိုမှာ မာရှယ်က ဆက်လက်ပြီး ဒုတိယဂိုးကိုသွင်းယူပေးခဲ့တာကြောင့် ဆိုးရှားတို့ရဲ့အသင်း (၀-၂)နဲ့ အနိုင်ရရှိပြီး ကရာဘောင်း ဆီမီးဖိုင်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ကာဗာနီကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကို ဆိုးရှားက “ဒါက တောင်အမေရိကသားနှစ်ယောက် အရင်တစ်ခေါက် တွေ့ဆုံတုန်းကလည်း ပြဿနာဖြစ်ခဲ့ဖူးပါတယ်။ ဘောလုံးကစားပွဲတွေက ဒီလိုပဲဖြစ်မှာပါပဲ။ ပရိသတ်တွေ၊ ဖျက်ထုတ်တာတွေ၊ အဝါကတ်တွေ ဒါတွေကို ကျွန်တော်နှစ်သက်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
အန်ဆယ်လော့တီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ “ဒီမတော်တဆဖြစ်ရပ်ကို ကျွန်တော်ကွင်းထဲမှာ မမြင်လိုက်ရပါဘူး။ ဒီဖြစ်ရပ်ဗီဒီယိုဖိုင်ကိုလည်း မကြည့်ရသေးပါဘူး”လို့ ပြောသွားခဲ့ပါတယ်။
ကရာဘောင်း ကွာတားဖိုင်နယ်ကို မန်ယူတို့ တက်သွားနိုင်တာကြောင့် လာမယ့် ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။
Ref: dailymail
Leave a Reply