ကစားတဲ့ပွဲထက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုပိုများအောင် ကြိုးစားသွားမယ်ဆိုတဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဒီရာသီပရီးမီးယားလိဂ်မှာ ကစားတဲ့ပွဲထက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ပိုများအောင် ကြိုးစားသွားမယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီး ရာသီဝက်ကာလအတွင်း လိဂ်ဂိုး ၈ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်ကြောင့် မန်ယူအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရခဲ့ပေမယ့် အုပ်စုအဆင့်ကနေထွက်ခွာခဲ့ရပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားတိုင်း အနည်းဆုံးတစ်ဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။

MUTVနဲ့ တွေ့ဆုံရာမှာ ဖာနန်ဒက်စ်က ” အရင်ကလည်း ဒါကိုကျွန်တော်ပြောဖူးခဲ့ပါတယ်။ ကစားသမားကောင်းတွေ ကိုယ့်ဘေးမှာဝိုင်းနေတဲ့ မန်ယူလိုအသင်းမှာ ကစားရတာ လွယ်ကူတယ် ဆိုတာကိုပါ။ သူတို့ကြောင့် ကျွန်တော် ပိုကောင်းလာပါတယ်။ အသင်းမှာ ကျွန်တော်ရရှိထားတဲ့ စွမ်းဆောင်ရည်ကိန်းဂဏန်းတွေက တကယ်ကောင်းမွန်ပါတယ်။

ဒါပေမဲ့ ကျွန်တော့်အနေနဲ့ တိုးတက်ဖို့လိုအပ်ပါသေးတယ်။ ရာသီကုန်ချိန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခဲ့တဲ့ပွဲထက် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ပိုများဖို့ အလိုရှိပါတယ်။ အဲဒီအတွက်လည်း အစွမ်းကုန် ကြိုးစားသွားမှာပါ ” လို့ ဆိုခဲ့တယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ မန်ယူအတွက် ၁၃ပွဲစလုံးပါဝင်ကစားထားပြီး ၉ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။

Ref: Football365

Be the first to comment

Leave a Reply

Your email address will not be published.


*