
အာဆင်နယ်အသင်းသားတချို့ဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရမယ်ဆိုရင် များပြားတဲ့ လစာငွေတွေ ဖြတ်ခံရဖို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
လိဂ်ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရမယ်ဆိုရင် ကစားသမားတွေဟာ လစာငွေ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ လျှော့ခံရမှာဖြစ်ပါတယ်။ ရာသီအစတုန်းက ထိပ်ဆုံး ၄ နေရာတိုက်ပွဲကနေ ထွက်သွားရပြီး အခုတော့ အဆင့် ၁၅ အထိ ဆင်းသွားရပါတယ်။
ဒီလိုဖြစ်စဥ်ဟာ အသင်းငယ်လေးတွေအနေနဲ့ ပုံမှန်ဖြစ်ပေမယ့် အာဆင်နယ်အသင်းအတွက်တော့ ကြီးမားတဲ့ နစ်နာမှုတွေရှိနေနိုင်ပါတယ်။
အာဆင်နယ်ကလပ်က အသင်းသားတွေအတွက် တစ်နှစ် ပေါင်သန်း ၁၅၀ ထက်မက ပေးချေရပါတယ်။ အိုဇေးလ်နဲ့ အူဘာမီယန်တို့လို ကစားသမားတွေဟာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ ရထားပြီး အင်္ဂလန်ကလပ် အကောင်းဆုံးလစာရထားသူတွေထဲက အပါအဝင်ဖြစ်ပါတယ်။
ကလပ်က ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားလားဆိုတာ အတိအကျမသိရပေမဲ့ တန်းဆင်းသွားရမယ်ဆိုရင် အဲ့ဝန်းကျင်လောက် အလျှော့ခံရမယ်ဆိုတာကိုတော့ ကစားသမားတွေ သိထားပါတယ်။
အာဆင်နယ်ဟာ တန်းဆင်းဇုန်နဲ့ ၄ မှတ်သာ ကွာဟနေပြီး ပြီးခဲ့တဲ့ နောက်ဆုံး လိဂ် ၇ ပွဲကစားထားတာကနေ ၂ မှတ်ပဲရထားပါတယ်။
သူတို့ရဲ့ ရင်ဆိုင်ရမယ့်ရှေ့ရေးက ဇယားထိပ်ပိုင်းကို ပြန်ရောက်နိုင်ဖို့နဲ့ သူတို့ရဲ့ ငွေရေးကြေးရေးအခြေအနေ ပုံမှန်ဖြစ်အောင်၊ အံသြစရာကောင်းအောင် စွမ်းဆောင်နိုင်ပြရမှာပါ။ ဒါပေမဲ့ အာဆင်နယ်ရဲ့ ရာသီအစ တာထွက်မကောင်းခဲ့တာကြောင့် တန်းဆင်းဇုန်တိုက်ပွဲမှာလည်း ရုန်းကန်သွားရနိုင်ပါတယ်။
Ref: dailymail
Leave a Reply