မန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်းနား

မန်စီးတီးအသင်းရဲ့ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းမှာ အပိုဆုကြေးအပါအဝင် တစ်ပတ်ပေါင် ၃သိန်း ရရှိနေတာဖြစ်ပြီး ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်နဲ့ PSG အသင်းတို့ကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် မန်စီးတီးအသင်းအနေနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိမယ့်စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။

ဒီဘရိုင်းနားဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့အတွက် ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက ဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်ဖက်သဘောတူဖို့ အသေးစိတ်အချက်အလက်တချို့သာ ကျန်တော့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြ ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးခဲ့ပြီး ဒီဘရိုင်းနားရဲ့အနာဂတ်ကိုလည်း ပိုမိုသေချာဖို့အတွက် အားထည့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းကို ၂၀၁၅ခု နှစ်က စတင်ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု (၂) ကြိမ်၊ FA ဖလား (၁) ကြိမ်နဲ့ လိဂ်ဖလား (၄) ကြိမ် ရယူနိုင်ခဲ့ပါတယ်။

Ref: The Guardian

Be the first to comment

Leave a Reply

Your email address will not be published.


*