ပြီးခဲ့တဲ့ရာသီက ကီပါရဲ့ Clean Sheets ကို ၁၆ပွဲသာ ကစားပြီး လိုက်မီသွားတဲ့ မန်ဒီ

LONDON, ENGLAND - OCTOBER 03: Edouard Mendy of Chelsea looks on during the Premier League match between Chelsea and Crystal Palace at Stamford Bridge on October 3, 2020 in London, United Kingdom. (Photo by Sebastian Frej/MB Media/Getty Images)

ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် လက်စွမ်းပြနေတဲ့ ဂိုးသမားသစ် မန်ဒီဟာ ၁၆ပွဲ ပါဝင်ကစားပြီးချိန်မှာပဲ ပြီးခဲ့တဲ့ရာသီက ကီပါရရှိခဲ့တဲ့ Clean Sheets ကို လိုက်မီသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နံပါတ် ၁ ဂိုးသမား ကီပါဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက်ပြိုင်ပွဲစုံ ၄၅ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုးမပေးရတဲ့ပွဲ (Clean Sheet) ၁၀ပွဲသာ ရှိခဲ့ပါတယ်။

ဒီအခြေအနေကိုစိုးရိမ်မိတဲ့ နည်းပြလမ်းပတ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပြင်သစ်ကလပ် ရန်းနက်စ် အသင်းကနေ မန်ဒီကိုအရခေါ်ယူအားဖြည့်ခဲ့ပါတယ်။ လမ်းပတ်ရဲ့ခေါ်ယူမှုဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ် ခဲ့တယ်ဆိုတာကို မန်ဒီက ၁၆ပွဲကစားပြီးချိန်မှာ ပဲ သက်သေပြနိုင်ခဲ့တယ်။

ဆီနီဂေါလက်ရွေးစင်ဂိုးသမား မန်ဒီဟာ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် ၁၀ ပွဲ၊ ချန်ပီယံလိဂ် ၅ပွဲနဲ့ လိဂ်ဖလား ၁ပွဲပါဝင်ကစားထားပြီး Clean Sheets (၁၀) ပွဲ ရရှိခဲ့တာပါ။ လက်စွမ်းကျဆင်းနေတဲ့ ဂိုးသမားကီပါကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ၃ပွဲသာ ပါဝင်ခွင့်ရထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း တစ်ပွဲသာ ပွဲထွက်ခွင့်ရထားပါတယ်။

အသင်းသစ်မှာ အမြန်ဆုံးအထိုင်ကျပြီး လက်စွမ်းပြနေတဲ့ မန်ဒီကြောင့် ချယ်လ်ဆီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက် ပိုအသက်ဝင်လာတယ်ဆိုရင် မမှားပါဘူး။

Ref: Whoscored.com

Be the first to comment

Leave a Reply

Your email address will not be published.


*