လီဗာပူးကို ပေါင် ၁၈ သန်း အပိုမပေးချင်တာကြောင့် ကော်တင်ညိုကို ရောင်းထုတ်ဖို့ ကြံစည်နေတဲ့ ဘာစီလိုနာ

ကော်တင်ညိုက ဘာစီလိုနာအတွက် နောက်ထပ် ၁၀ ပွဲ ကစားခွင့်ရသွားမယ်ဆိုရင် လီဗာပူးအသင်းကို အပို ပေါင် ၁၈ သန်း အသားတင်ပေးရမှာဖြစ်တာကြောင့် အသင်းက ရောင်းထုတ်ဖို့ ကြံစည်နေပါတယ်။

လီဗာပူးအသင်းကနေ ၂၀၁၈ လောက်က ဘာစီလိုနာကို ရောက်လာခဲ့ပြီး ကော်တင်ညိုရဲ့ ပြောင်းရွေ့ကြေး စုစုပေါင်းဟာ ပေါင် ၁၄၂ သန်းထိ တိုးသွားနိုင်တဲ့ အခြေအနေမျိုးရောက်နေပါတယ်။ ဒါပေမယ့် အဲ့လိုမဖြစ်ခင် ကောင်တင်ညိုကို ရောင်းထုတ်ချင်နေပါတယ်။

စာချုပ်ထဲမှာပါတဲ့ အချက်အလက်အရ ဘာစီလိုနာမှာ ကစားပွဲ ၁၀၀ ပြည့်သွားရင် လီဗာပူးအသင်းကို ပြောင်းရွေ့ကြေးအပြင် အပို ပေါင် ၁၈ သန်း ပေးချေရမှာဖြစ်ပါတယ်။ ကော်တင်ညိုဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲကစားပေးထားပေမဲ့ ဒဏ်ရာနဲ့ ရုန်းကန်နေ ရပါတယ်။

အသင်းရဲ့ ဆုံးရှုံးနေတဲ့ စီးပွားရေးအရကြည့်မယ်ဆိုရင် ဘာစီလိုနာဟာ ကော်တင်ညိုကို ပေါင် ၄၅ သန်း လောက်နဲ့ လက်လွတ်ရမှာဖြစ်ပြီး အသင်းက ကစားသမား ၃ ဦးကိုလည်း အငှားချသွားမယ်လို့လည်း သိရပါတယ်။

ကိုဗစ်ကပ်ဆိုက်သွားတော့ ကွင်းအတွင်း ဝင်ငွေလည်း အတော်နစ်နာခဲ့ပြီး ကစားသမား လစာတွေ ပေးချေရတာ အရမ်းများတာကြောင့် အသင်းရဲ့ဘဏ္ဍာရေးဟာ အတော်ရုန်းကန်နေရပါတယ်။

ကော်တင်ညိုကို ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ဆီ အငှားမချခဲ့ဘူးရင် ပွဲ ၁၀၀ ပြည့်နေမှာဖြစ်ပြီး ဘရာဇီးသားဟာ မနှစ်က ဘိုင်ယန်အသင်းနဲ့ ဘွန်ဒါလီဂါလိဂ်ဖလား၊ ဂျာမန်ဖလားနဲ့ ချန်ပီယံလိဂ်တို့ကို ရရှိထားတာဖြစ်ပါတယ်။

ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*