ဒေါ့မွန်အသင်းကနေ ဟာလန်းထွက်ခွာဖို့ အချိန်တန်ပြီလို့ သုံးသပ်ပြောဆိုခဲ့တဲ့ လိုသာမားသီးယပ်စ်

ဂျာမနီဂန္ထဝင် လိုသာမားသီးယပ်စ်က နော်ဝေကြယ်ပွင့် ဟာလန်းအနေနဲ့ ဒေါမွန်အသင်းကနေထွက်ခွာဖို့ အချိန်တန်ပြီလို့ Bundesliga ဝက်ဘ်ဆိုက်ကို သုံးသပ်ပြောဆိုခဲ့ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့  ၂၀၂၂ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်လျော်ကြေးကတော့ ပေါင် ၆၅သန်း သတ်မှတ်ထားပါတယ်။ ပရီးမီးယားလိဂ်ရဲ့ မန်ချက်စတာမြို့ခံ မန်ယူနဲ့ မန်စီးတီးတို့ စိတ်ဝင်စားနေတဲ့ ဟာလန်းဟာ အောင်မြင်မှုအတွက် ခြေလှမ်းသစ်စတင်သင့်ပြီလို့ မားသီးယပ်စ်ကို ဆိုခဲ့ပါတယ်။

မားသီးယပ်စ်က” သူ့ရဲ့အလားအလာကြောင့် ဒေါ့မွန်ကနေ မကြာခင်မှာ ထွက်ခွာသွားတော့မယ်ဆိုတာ သေချာနေပါတယ်။ အဲဒီအတွက်လည်း သူဟာ အဆင်သင့်ဖြစ်နေပါပြီ။ ဘွန်ဒက်စ်လီဂါမှာ သူရှိနေတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်”လို့ ပြောသွားပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့လည်း ဒီလိုကစားသမားမျိုးကို ပိုင်ဆိုင်ထားတာ ကျေနပ်စရာပါ။ သူ့အတွက်တော့ ခြေလှမ်းသစ် စတင်ရမယ့် အချိန်ပါပဲ” လို့ သုံးသပ်ခဲ့ပါတယ်။

ဟာလန်းဟာ လက်ရှိအချိန်မှာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပြီး သူမကစားနိုင်ခင်မှာ ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြ လူစီယန်ဖာဗရီလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ပွဲ မှာ ၁၇ဂိုးအထိသွင်းယူပေးခဲ့သလို ဒီရာသီမှာ လည်း ဘွန်ဒစ်လီဂါ(၈)ပွဲကစားထားရာမှာ ၁၀ဂိုး သွင်းယူပေးထားပါတယ်။

Ref: Bundesliga

Be the first to comment

Leave a Reply

Your email address will not be published.


*