ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့စကားမပြောတဲ့ ကစားသမား ၆ဦးအထိရှိနေတယ်လို့ သတင်းထွက်နေ

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရသလို အသင်းတွင်းမှာလည်း စည်းလုံးမှု ပြိုကွဲနေပါတယ်။ အသင်းခေါင်းဆောင် မက်ဆီရဲ့အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေသလို သူ့နဲ့ ကစားသမားတချို့လည်း မသင့်မြတ်မှုတွေ ရှိနေတယ်လို့ စပိန်မီဒီယာတစ်ခုက ဖော်ကောင် လုပ်လိုက်ပြန်ပါတယ်။

မက်ဆီဟာ လက်ရှိဘာစီလိုနာအသင်းမှာ သူနဲ့ လုံးဝစကားမပြောတဲ့ ကစားသမား ၆ဦး အထိရှိ နေတယ်လို့ ဖော်ပြခဲ့တာပါ။ အဲဒီကစားသမားတွေကတော့ အသင်းရဲ့နံပါတ် ၁ ဂိုးသမား တာစတီဂန်၊ ကွင်းလယ်ကစားသမားသစ် ပီယာနစ်၊ လူငယ်တိုက်စစ်ကစားသမား ဒမ်ဘီလီ၊ လူငယ်ကွင်းလယ်လူ ရီကွီပစ်၊ နောက်ခံလူ အမ်တီတီနဲ့ ဂျူနီယာဖာပိုတို့ဖြစ်ကြတယ်လို့ သိရပါတယ်။

မက်ဆီထောက်ခံနေဆဲ စီနီယာကစားသမားတွေကတော့ ကွင်းလယ်လူ ဘူးစကွက်စ်၊ ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ ပီကေးနဲ့ ဂျော်ဒီအယ်လ် ဘာတို့ပါ။ ဒီလိုအသင်းတွင်း မပြေလည်မှုတွေဖြစ်နေချိန်မှာ မန်စီးတီး၊ PSG စတဲ့အသင်းတွေကလည်း မက်ဆီကိုအပြိုင်ခေါ်ယူဖို့ သတင်းထွက်နေပါတယ်။

ဘာစီလိုနာအသင်းနဲ့ချုပ်ဆိုထားတဲ့ မက်ဆီရဲ့စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၁ ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်လို့ ဘာစီလိုနာ-မက်ဆီ လမ်းခွဲကို မြင်တွေ့ရတော့မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Ref: Diaro GOL

Be the first to comment

Leave a Reply

Your email address will not be published.


*