ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာဂိုးပေါက်ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး မစိုးရိမ်ဘူးလို့ ပြောသွားခဲ့တဲ့ ဖရန့်လမ်းပတ်

တနင်္လာနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဥ်အပြီး ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာအတွက် ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဝါနာအတွက်တော့ လိဂ် ၉ ပွဲဆက် ဂိုးပေါက်ပျောက်နေပါတယ်။

အသက် ၂၄ နှစ်အရွယ်ဝါနာဟာ ပေါင် ၅၃ သန်းနဲ့ ဒီရာသီအပြောင်းအရွေ့မှာ စတမ်းဖို့ဒ်ဘရစ်ချ်ဆီကို ရောက်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာတော့ သူ့ရဲ့ အကောင်းဆုံးပုံစံကို မတွေ့ရသေးပါဘူး။ သူဟာ ပရီးမီးယားလိဂ် ၁၄ ပွဲကစားထားရာမှာ ၄ ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။

ဝါနာရဲ့ အားသန်တဲ့ အလယ်တိုက်စစ်နေရာကို နည်းပြဖရန့်လမ်းပတ်ရဲ့ အကြိုက်ဖြစ်တဲ့ ဂျရူးနဲ့ အေဘရာဟမ်ကိုသာ အသုံးပြုထားတာကြောင့်မို့  တောင်ပံတိုက်စစ်ကို ပြောင်းကစားနေရတဲ့ ဝါနာအတွက် ဂိုးဧရိယာထဲ နေရာယူမှုတွေ၊ လိုအပ်ချက်တွေ ရှိနေပါတယ်။ နည်းပြချပေးထားတဲ့နေရာမှာ ခြေစွမ်းပြနိုင်ဖို့ ဂိုးဖန်တီးမှုတွေနဲ့ အသင်းအတွက် ကြိုးစားပံ့ပိုးပေးနေပါတယ်။

လမ်းပတ်က “ကျွန်တော် ဝါနာအတွက် မစိုးရိမ်ပါဘူး။ တိုက်စစ်မှူးတိုင်း ဂိုးသွင်းချင်ကြပါတယ်။ သူတို့ဂိုးသွင်းတဲ့ အပေါ်မူတည်ပြီး လူတွေကလည်း ကောင်းမကောင်း ဆုံးဖြတ်ကြတယ်။ အဲ့ဒါကြောင့်မလို့ ဝါနာကိုလည်း သူအရင်ရာသီ လိုက်ဇစ်မှာ ဂိုးသွင်းယူနိုင်တဲ့နှုန်းနဲ့ နှိုင်းယှဥ်ခံနေရတာပေါ့”လို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဝက်စ်ဟမ်းနဲ့ပွဲအပြီး ပြောသွားခဲ့ပါတယ်။

“သူဟာ လိဂ်အသစ်မှာ ကစားနေရတဲ့ ကစားသမားတစ်ယောက်ပါ။ သူအသားကျဖို့ ကျွန်တော်တို့ အချိန်ပေးရမှာပါ။ ဒါပေမဲ့ အခုကစားနေတဲ့နေရာမှာ ပုံမှန်လိုကစားနိုင်သွားပြီဆိုရင်တော့ အဲ့နေရာဟာ ပြိုင်ဘက်အသင်းတွေအတွက် ကြောက်လန့်စရာနဲ့ ပြဿနာတွေရှိလာနိုင်ပါတယ်။ အခုအချိန်မှာတော့ သူ့အတွက်အဆင်ပြေဦးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒါကို ပြောင်းလဲပြီးသွားရင် သူ့ဆီကနေ ဂိုးတွေ ကျွန်တော်တို့ မြင်တွေ့ရမှာပါ”လို့ ပြောသွားခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*