ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာအတွက် ဂိုးများစွာသွင်းယူပေးဖို့ ပစ်မှတ်ထားနေတဲ့ ဘာထရန်ထရာအိုရေး

အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဘာထရန်ထရာအိုရေးက ပြီးခဲ့တဲ့ဝက်စ်ဘရွန်းနဲ့ပွဲစဉ်မှာ အသင်းအတွက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် အသင်းအတွက် ဂိုးများစွာထပ်မံသွင်းယူဖို့ ပစ်မှတ်ထားနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

နယ်သာလန်တိုက်စစ်ကစားသမား ဘာထရန်ထရာအိုရေးဟာ ပြီးခဲ့တဲ့နွေရာသီက ပြင်သစ်ကလပ် လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၇သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကြံ့ခိုင်မှုပြဿနာကြောင့် ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ထရာအိုရေးက ” ဒီကို ကျွန်တော်ရောက်လာခါစမှာ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ ဒါကြောင့် ကြိုးစားလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကံမကောင်းစွာပဲ ဒဏ်ရာထပ်ရခဲ့ပါတယ်။ အခုအချိန်မှာတော့ ကြံ့ခိုင်မှုပိုင်းကို အကောင်းဆုံး တည်ဆောက်ထားနိုင်ပြီဖြစ်သလို အသင်းအတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။

အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ နောက်ထပ်လည်း ဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ဆိုခဲ့တယ်။

Ref:FourfourTwo

Be the first to comment

Leave a Reply

Your email address will not be published.


*