လာမယ့်ဇန်နဝါရီလ စျေးကွက်မှာ တိုက်စစ်ကစားသမားသစ်ကို ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ (၁-၀)ဂိုးပွဲမှာ ဂွါဒီယိုလာက သူ့အသင်းသားတွေ ဂိုးဧရိယာအတွင်း ဂိုးရဖို့ ရုန်းကန်နေရတယ်ဆိုတာကို ဝန်ခံသွားခဲ့ပါတယ်။

လာမယ့် ကာရာဘောင်း ကွာတားဖိုင်မှာ အာဆင်နယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲစဥ်အမီ ဂါဘရီရယ် ဂျီးဆပ်စ် ပါဝင်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဓိကတိုက်စစ်မှူး အဂွဲရိုးကတော့ ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် ပါဝင်ဖို့ မသေချာပါဘူး။

လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့စျေးကွက်မှာ နောက်ထပ် တိုက်စစ်မှူးခေါ်ယူသွားဖို့ရှိသလားဆိုတဲ့ မေးမြန်းမှုကို “မရှိပါဘူး။ ကျွန်တော်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတလွှားမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးအခြေအနေတွေကြောင့် ခေါ်ယူဖို့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တစ်သင်းတည်း မဟုတ်ပါဘူး။ အခြားကလပ်အသင်းတွေလည်း ဒီလိုရုန်းကန်နေကြရပါတယ်။”လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ လေ့ကျင်းကွင်းမှာ ဒဏ်ရာရခဲ့တာကြောင့် စနေနေ့က နိုင်ပွဲနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ နိုင်ပွဲကြောင့် မန်စီးတီးအသင်းလည်း အဆင့် ၇ ကို တစ်ပွဲလျော့နဲ့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အဂွဲရိုးဟာ မကြာသေးခင်က ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ဝက်စ်ဘရွန်းနဲ့ သရေကျခဲ့တဲ့ ပွဲစဥ်မှာ အရံကစားသမားအဖြစ်ပါဝင်ခဲ့ပေမယ့် ပွဲထွက်ခွင့်မရခဲ့ပါဘူး။

မန်စီးတီးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲ မှာ ၂ဂိုး သာ သွင်းယူထားနိုင်ပြီး ဇယားထိပ်မှာ ဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့ ၈ မှတ်ကွာနေပြီး အခု တိုက်စစ်အခြေအနေအရ နီးစပ်ဖို့ ခက်ခဲမယ်ဆိုတာ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်မသိဘူး။ ကျွန်တော်တို့ရဲ့ ရှေ့တန်းတိုက်စစ်အရှိန်အဟုန်က ရုန်းကန်နေရပါတယ်။ အပိုင် အခွင့်အရေးတွေကို ဖန်တီးနိုင်ပေမယ့် ဂိုးမသွင်းနိုင်ရင် ကျွန်တော်တို့ပဲ ခံရမှာပါ။ အဲ့ဒါကြောင့် ဒီရာသီမှာ ဘယ်လိုတွေဖြစ်မလဲဆိုတာ ကျွန်တော်သေချာမပြောနိုင်ပါဘူး။ ကစားပွဲ တစ်ပွဲပြီးတစ်ပွဲကိုပဲ ကျွန်တော်လုပ်နိုင်မှာဖြစ်ပြီး လာမယ့်ပွဲမှာ အာဆင်နယ်အသင်းနဲ့ ကာရာဘောင်းဖလားမှာ တွေ့ဆုံရမှာပါ။” လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

Ref: allfootball

Be the first to comment

Leave a Reply

Your email address will not be published.


*