BBC က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးတွေကို ရရှိခဲ့တဲ့ ဂျာဂင်ကလော့ပ်နဲ့ ဟန်ဒါဆင်

လီဗာပူးတို့ နှစ် ၃၀ ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကိုရရှိခဲ့ပြီးနောက် ၁၂လ အကြာ မမေ့နိုင်တဲ့ ကာလတွေဖြစ်ခဲ့ပါတယ်။

ကလော့ပ်ရဲ့ မယုံနိုင်စရာ စွမ်းဆောင်မှုတွေနဲ့ ရမှတ် ၉၉ မှတ်အထိရယူနိုင်ခဲ့ပြီး တရာသီလုံးတွင်းမှာ ၃ ပွဲသာ ရှုံးထားပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

“အသင်းသားတွေအတွက် ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့အရည်အချင်းတွေထဲမှာ နိုင်လိုစိတ်နဲ့ ကလပ်ရဲ့အရှိန်အဝါတွေ ပါဝင်နေပါတယ်။ ချန်ပီယံဖြစ်ရတာ အရမ်းကိုကြီးကျယ်တဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ကလော့ပ်က ပြောသွားပါတယ်။

ကလော့ပ်ကထပ်ပြီး “ဒီဆုကို မန်ချက်စတာမြို့မှာ လက်ခံရတာလည်း ပိုပြီးတောင် ချိုမြန်သလိုပါပဲ” လို့ဆိုခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း “အသင်းအတွက် တကယ်ကို အရေးပါခဲ့တယ်။ ကျွန်တော့် အတွက်ကော အသင်းဖော်တွေအတွက်ရောပေါ့။ သူတို့က ဒီထက်ပိုပြီး တစ်ယောက်ကို တစ်ယောက် ပိုတိုးတက်စေချင်ကြတယ်။”

“ဒါပေမယ့် ကျွန်တော် ထပ်ပြောချင်တာက ကွင်းအတွင်း ခင်ဗျားတို့ မမြင်ခဲ့တဲ့အရာတွေကိုပေါ့။ သူတို့တွေ စွမ်းဆောင်ခဲ့ကြတယ် ဘာမဆို ပေးဆပ်ခဲ့ကြတဲ့ စားဖိုဆောင်၊ ဆေးအဖွဲ့၊ လေ့ကျင့်ရေးကွင်း စတဲ့ ဘယ်သူမဆို ကျွန်တော်တို့ကို နေစဉ်ဘောလုံးကစားခွင့်ရအောင် ပြုလုပ်ပေးတဲ့သူတွေ အားလုံးဟာ အသင်းအတွက် တစ်ဖက်တစ်လမ်းပါဝင်ကြပါတယ်”လို့ ထပ်ပြောသွားပါတယ်။

တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုအပေါ်မှာ “ကျွန်တော်ထင်တယ် တစ်နှစ်တာ အကောင်းဆုံးအသင်းကို နည်းပြမယ်ဆိုရင် အခုလိုအခြေအနေက အဖြေပါပဲ” လို့ ကလော့ပ်က ပြောသွားပါတယ်။

နည်းပြကလော့ပ်က BBC Sports Personality Coach of the Year ဆုကိုရရှိခဲ့ပြီး ဟန်ဒါဆန်ကလည်း BBC Sports Personality Team of the Year ဆုကို ရရှိခဲ့ကြတာဖြစ်ပါတယ်။

Ref: allfootball

Be the first to comment

Leave a Reply

Your email address will not be published.


*