
ပြင်သင်လီဂူးကလပ် လော်ရီးရန့်ကွင်းမှာ အလုပ်လုပ်နေတဲ့ ကွင်းအတွင်း ထိန်းသိမ်းရေးလုပ်သား တစ်ယောက်ဟာ ကစားပွဲပြီးသွားလို့ သူ့ဂျူတီချိန် ကွင်းအတွင်း စစ်ဆေးနေတုန်း မီးမောင်းတစ်ခုက သူ့အပေါ်ပြုတ်ကျခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဖြစ်ပွားတဲ့အခင်းဆီ အရေးပေါ်အဖွဲ့က အလျင်အမြန်ရောက်လာခဲ့ပြီး ဆေးရုံကို သွားမယ့်လမ်းတလျှောက် အသက်ကယ်စက်အကူအညီနဲ့ သွားခဲ့ရပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အဲ့ဒီအမျိုးသားကို စခရက်ဖ်ဆေးရုံကို အမြန်ပို့ဆောင်လိုက်ကြပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် အသက်မရှင်ခဲ့ပါဘူးလို့ ပြင်သစ်သတင်းဌာနတစ်ခုက ပြောသွားခဲ့ပါတယ်။
မတော်တဆဖြစ်သွားတဲ့အချိန်က တနင်္ဂနွေနေ့ ပြင်သစ် စံတော်ချိန်ည ၇ နာရီလောက်မှာ လော်ရီးရန့်နဲ့ ရီနီးစ် (၃-၀) ပွဲစဥ်ပြီး ခဏအကြာမှာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်ဆိုင်ရာ အဖွဲ့သားတွေက မတော်တဆဖြစ်ပွားခဲ့တဲ့ အကြောင်းကို စစ်ဆေးဖို့ ဘောလုံးကွင်းဆီ ပြန်လာကြပါတယ်။
အခြား ကွင်းအတွင်းထိန်းသိမ်းရေး လုပ်သား ၂ ယောက်ကိုလည်း ထိခိုက်ခဲ့တာကြောင့် ဆေးရုံပို့ခဲ့ရပါသေးတယ်။ ဒါပေမယ့် အရမ်းပြင်းထန်တဲ့ ဒဏ်ရာတော့ မရခဲ့ပါဘူး။
ပြင်သစ် ပြည်တွင်းသတင်းဌာနရဲ့ သတင်းရင်းမြစ်အရ သေဆုံးသွားတဲ့အမျိုးသားဟာ လောရီးရန့် ကလပ်အသင်းမှာ လုပ်အားပေးအနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပြီး ကလေး ၃ ယောက်ရှိတဲ့ ဖခင်တစ်ဦးလည်းဖြစ်ပါတယ်။
Ref: dailymail
Leave a Reply