မန်ချက်စတာယူနိုက်တက် ဂိုးသမား ဆာဂျီယို ရိုမီယိုကို အင်တာမီယာမီအသင်းက ပစ်မှတ်ထားနေ

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားသားဟာ နည်းပြဆိုးလ်ရှားရောက်လာပြီးနောက်ပိုင်း မန်ယူအသင်းအတွက် ပွဲထွက်ခွင့်တွေ မရရှိတော့ပါဘူး။  မော်ရင်ညိုလက်ထပ်တုန်းကတော့ ဥရောပပွဲတွေ ကစားခွင့်ရှိခဲ့ပေမယ့် ဒီရာသီ ဆိုးလ်ရှားလက်ထပ်မှာတော့ လူငယ်ဂိုးသမား ဒင်းဟန်ဒါဆန် အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက် တတိယဦးစားပေးဂိုးသမား ဖြစ်သွားခဲ့ရပြီး အသင်းပြောင်းရွေ့ဖို့အတွက် တွန်းအားဖြစ်လာခဲ့ပါတယ်။

အက်သစ် သတင်းအရ ဒေးဗစ်ဘက်ခမ်းရဲ့ မီယာမီကို ပြောင်းရွေ့နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ ရာသီသစ်ကို စတင်မယ့် အချိန်က မတ်စ်လမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကလိဂ်ရဲ့ တစ်ပတ်လုပ်ခလစာ ပေးနှုန်း ကွာခြားချက်က သူ့အတွက်ပြဿနာရှိနေနိုင်ပါတယ်။

ရိုမီယိုက တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀ လောက်အလိုရှိနေတာကြောင့် အင်တာမီယာမီအတွက် ပေးချေနိုင်တဲ့ ပမာဏထက် များပြားနေပါတယ်။ မန်ယူအသင်းမှာတော့ တစ်ပတ်လုပ်ခ ပေါင် ၇၀,၀၀၀ သာ ရထားပါတယ်။

စပိန်ကလပ်တစ်ခုကလည်း ကမ္ဘာ့ဖလားမှာ အာဂျင်းတီးနားအသင်းအတွက် ဒုတိယရရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲတဲ့ ရိုမီယိုကို အငှားအနေနဲ့ လက်ကျန်ရာသီအတွက် အငှားခေါ်ယူချင်နေပါတယ်။

ref: tribalfootball

Be the first to comment

Leave a Reply

Your email address will not be published.


*