၂၀၂၀ ခုနှစ် အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ တောင်ကိုရီးယားကလပ် အူလ်ဆန်ဟွန်ဒိုင်း ဗိုလ်စွဲ

ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၀၂၀ခုနှစ်အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ တောင်ကိုရီးယားကလပ် အူလ်ဆန်ဟွန် ဒိုင်းအသင်းဟာ အီရန်ကလပ် ပါဆီပိုလစ်အသင်းကို (၂-၁) ဂိုးနဲ့အနိုင်ယူပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

ဒီအောင်မြင်မှုဟာ အူလ်ဆန်အတွက်တော့ ၂၀၁၂ ခုနှစ်မှာ ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် အာရှချန်ပီယံလိဂ်ဆုဖလားလည်း ဖြစ်ပါတယ်။ အီရန်ကလပ်ပါဆီပိုလစ်ကတော့ ၂၀၁၈ ခုနှစ်မှာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရသလို အခုတစ် ကြိမ်မှာလည်း ချန်ပီယံဆုနဲ့လွဲချော်ခဲ့ရပြန်ပါတယ်။

အဲဒီပွဲစဉ်မှာ ပါဆီပိုလစ်အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အူလ်ဆန်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူး နီဂရာအိုက ၂ဂိုး ပြန်သွင်းယူကာ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ သွင်းဂိုးအများဆုံးဆုကို ဆော်ဒီကလပ် အယ်လ်ဆက်အသင်းတိုက်စစ်မှူး အက်ဒါရာဇက်ဟမ်ဒယ်လက်က ၇ဂိုး သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုတော့ အူလ်ဆန် ကွင်းလယ်လူ ယွန်ဘီဂရမ်းက ရရှိခဲ့ပါတယ်။

Ref:reuters

Be the first to comment

Leave a Reply

Your email address will not be published.


*