
ဘာစီလိုနာအသင်းကနေ ဘာတိုမျူ နုတ်ထွက်သွားပြီးနောက်ပိုင်း ဥက္ကဌနေရာအတွက် လစ်လပ်နေပါတယ်။ အသင်းဥက္ကဌရာထူးအနေနဲ့ ဂျုံးလာပိုတာ ပြန်လည်အရွေးခံရရင် အာဆင်နယ် နောက်ခံကစားသမား ဟယ်တာ ဘယ်လာရင်ကို နူးကမ့်ဆီ အရင်ဆုံးခေါ်ယူခဲ့မယ်လို့ ဆိုလိုက်ပါတယ်။
လာပိုတာဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၃ ကနေ ၂၀၁၀ အထိ ဥက္ကဌအဖြစ် ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုတခါ ပြန်လည်ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။
စပိန်သတင်းရင်းမြစ်အရ ဘယ်လာရင်နဲ့ လာပိုတာတို့ နှစ်ဦးကြားသဘောတူညီမှု ရရှိထားတာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ပဲ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်မယ်လို့ သိရပါတယ်။ သဘောတူညီမှုရသွားရင် ဘယ်လာရင်ဟာ သူ့ရဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့အသင်းမှာ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညာနောက်ခံကစားသမား ဘယ်လာရင်ဟာ အာဆင်နယ် အကယ်ဒမီဆီကို အသက် ၁၆ နှစ်မှာ ရောက်ရှိလာပြီး အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော်ကစားပေးထားတာ ဖြစ်ပါတယ်။
လာပိုတာဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွေ့စျေးကွက်မှာ ဘယ်လာရင်ကို ကနဦးခေါ်ယူချင်နေပါတယ်။ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၃ အထိချုပ်ဆိုထားတာဖြစ်ပါတယ်။
Ref: Mirror
Leave a Reply