ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့စံချိန်ကိုလိုက်မီသွားပြီဖြစ်တဲ့ မက်ဆီ

ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ဘာစီလိုနာ (၂-၂) ဗလင်စီယာ ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ဘရာဇီးလ်ဂန္ထဝင် ပီလီရဲ့ကလပ်တစ်ခုတည်းအတွက်သွင်းဂိုးစံချိန်ကို လိုက်မီသွားပြီ ဖြစ်ပါတယ်။

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ပီလီဟာ ကစားသမားဘဝတစ်ခုလုံး ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှာပဲ ပါဝင်ကစားခဲ့ပြီး ၆၅၆ ပွဲ ကစားကာ ၆၄၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဘယ်သူမှမချေဖျက်နိုင်ခဲ့တဲ့ စံချိန်တစ်ခုဖြစ်ခဲ့ပြီး အခုအခါမှာတော့ ဘာစီလိုနာတိုက်စစ်ကစားသမား မက်ဆီက လိုက်မီသွားတာဖြစ်ပါတယ်။

အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ အာဂျင်တီးနားကလပ် နယူးအိုးဘွိုင်းစ်အသင်းမှာ လူငယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ဘာစီလိုနာအသင်းကိုရောက်ရှိလာကာ လက်ရှိအချိန်ထိ ပါဝင်ကစားနေတာပါ။

မက်ဆီဟာ ဗလင်စီယာနဲ့ပွဲမှာ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ပြိုင်ဘက်ဂိုးသမားက ကာကွယ်ခဲ့လို့ ပြန်အံထွက်လာတဲ့ ဘောလုံးကို ခေါင်းတိုက်ပြီး ပီလီရဲ့စံချိန်ကို လိုက်မီခဲ့တာဖြစ်ပါ တယ်။ မက်ဆီဟာ ဒီစံချိန်ကိုလိုက်မီဖို့ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၇၄၈ပွဲကစားခဲ့ရပါတယ်။

မက်ဆီအနေနဲ့ လာမယ့်ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် ကလပ်အသင်းတစ်ခုတည်းအတွက် ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: CNN

Be the first to comment

Leave a Reply

Your email address will not be published.


*