
လီဗာပူးလ်နဲ့ လိုက်ပ်ဇစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပ-အကျော့ပွဲစဥ်ကို လိုက်ပ်ဇစ်အသင်းက ကစားဖို့ ကြားကွင်းမရှာနိုင်ခဲ့ရင် ဟန်ဂေရီမှာ ကစားသွားရမှာဖြစ်ပါတယ်။
အင်္ဂလန်အပါအဝင် အခြားကွင်းတွေမှာ ကစားနိုင်ဖို့ ပြောဆိုမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဂျာမနီ အာဏာပိုင်တွေက ကမ္ဘာ့ကပ်ရောဂါ ကူးစက်နှုန်းလျှော့ချဖို့အတွက် သွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် အားကစားတွေအတွက်လည်း ခြွင်းချက်အနေနဲ့ ခွင့်ပေးလို့မရတော့တာကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-ကျော့ ပွဲစဥ်တွေလည်း အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။
UEFA ဟာ ဒီလိုကိစ္စတွေကြုံလာရင် ဘေးကင်းတဲ့ ကစားကွင်းတွေရှာဖွေထားဖို့ အစကတည်း စီစဥ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ ဟန်ဂေရီရဲ့ မြို့တော် ဘူဒါပက်စ်မှာရှိတဲ့ ပူက်စ်အရီနာကွင်းမှာ ကစားဖို့ စီစဥ်ထားကြပါတယ်။
အိမ်ရှင်အသင်းအနေနဲ့ လိုက်ပ်ဇစ်ဟာ သင့်လျော်တဲ့ အခြားနည်းလမ်းကို အသုံးပြုခွင့်ရထားပါတယ်။ ဒါပေမယ့်လည်း ပွဲမကစားခင်ကြားထဲ ၁၁ ရက်သာရတော့တာကြောင့် သူတို့အတွက် အချိန်က အခက်ခဲရှိနေနိုင်ပါတယ်။
သူတို့သာ ဖြေရှင်းဖို့ နည်းလမ်းမရှိခဲ့ဘူးဆိုရင် UEFA ကထုတ်ပြန်ထားတဲ့အတိုင်း ဟန်ဂေရီမှာ ကြားကွင်းအနေနဲ့ ကစားသွားရမှာပါ။ လီဗာပူးလ်အသင်းကတော့ ဒီကိစ္စတွေ တိုးတက်လာဖို့အတွက် စောင့်မျော်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်မှာကစားမယ့် မန်စီးတီးနဲ့ မိုချင်ဂလာဘတ် ချန်ပီယံလိဂ်ပွဲစဥ်တို့လည်း ဂျာမနီရဲ့ ဝင်ခွင့်ကန့်သတ်ထားတာကို ကြုံတွေ့ရနိုင်ပါတယ်။
Ref: dailymail
Leave a Reply