
မန်စီးတီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ဒေါ့မွန်ကစားသမား ဟာလန်းဟာ လာမယ့် ၂၀၂၂ မှာ စာချုပ်အချက်အလက်အရ ပေါင် ၆၆ သန်းနဲ့ ခေါ်ယူနိုင်မယ်ဆိုပေမယ့် မန်စီးတီးအသင်းဟာ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းသွားမယ်လို့ Mirror သတင်းက သိရပါတယ်။
မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အဂွဲရိုး ရာသီကုန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မစောင့်ဆိုင်းတော့ဘဲ သူ့အနေရာမှာအစားထိုးဖို့ အသင်းနဲ့အသင့်တော်ဆုံးဖြစ်မယ့် ဟာလန်းကို စိတ်ဝင်စားနေပါတယ်။
တခြားကလပ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ယူ အသင်းတို့လည်း ဟာလန်းကိုစိတ်ဝင်စားနေပေမယ့် မန်စီးတီးက တခြားပြိုင်ဘက်အသင်းတွေထက်အသာရအောင် ဟာလန်းကို တစ်ပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀ ပေးသွားမယ်လို့ သိရပါတယ်။
ဂွါဒီယိုလာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းအဓိကတိုက်စစ်မှူးဖြစ်တဲ့ အဂွဲရိုးရဲ့ မရေရာတဲ့ အနာဂတ်ကြောင့် တိုက်စစ်မှူးတစ်ယောက် ခေါ်ယူသွားဖို့ သေချာနေပါတယ်။ အဂွဲရိုးဟာ ဒီရာသီမှာ ဒဏ်ရာနဲ့ ဖျားနာမှုတွေကြောင့် အသင်းအတွက် ၃ ပွဲသာ ကစားထားရသေးပါတယ်။
အသက် ၂၃နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂါဘရီဂျယ်ဂျီးဆပ်စ်က ဒီရာသီမှာ ၄ ဂိုးသာသွင်းယူထားနိုင်ပြီး နည်းပြဂွါဒီယိုလာရဲ့ ယုံကြည်မှုကို အပြည့်အဝမရခဲ့တာကြောင့် အသင်းအတွက် အဓိကတိုက်စစ်မှူးအဖြစ် အဂွဲရိုးနေရာမှာ အစားထိုးမခံခဲ့ရပါဘူး။
ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ၂၁ ပွဲကစားထားပြီး ချန်ပီယံလိဂ် ၄ ပွဲမှာ ၆ ဂိုးသွင်းတာ အပါအဝင် ဒီရာသီ သွင်းဂိုး ၂၂ အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
Ref: dailymail
Leave a Reply