ရလဒ်တွေဆိုးရွားပြီး အဆင့်၁၂နေရာရပ်တည် နေရချိန်မှာ ယူရိုပါလိဂ်ဝင်ခွင့်အတွက်သာ ပစ်မှတ်ထားခဲ့တယ်လို့ ဂွါဒီယိုလာဝန်ခံ

မန်​စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရာသီအစက ရလဒ်​တွေဆိုးရွားပြီး အဆင့်​၁၂​နေရာရပ်​တည်​နေရချိန်​မှာ ယူရိုပါလိဂ်​ဝင်​ခွင့်​အတွက်​သာ ပစ်​မှတ်​ထားခဲ့တယ်​လို့ ဘန်​လေကိုအနိုင်​ရတဲ့ပွဲအပြီး​ဝန်ခံ​ပြောဆိုခဲ့ပါတယ်​။ မန်​စီးတီးအသင်းဟာ​နောက်​ဆုံးကစားခဲ့တဲ့ပွဲစဉ်​မှာ ဘန်​လေကို ၂-၀ ဂိုးနဲ့အနိုင်​ရပြီး​နောက်​ တစ်​ပွဲ​လျော့ကစားကာ ရမှတ်​၄၇မှတ်​နဲ့ အမှတ်​ပေးဇယားကို ဦး​ဆောင်​နေပါတယ်​။

ဘန်​လေကိုအနိုင်​ရခဲ့တာဟာ မန်​စီးတီးအတွက်​ ပရီးမီးယားလိဂ်​နောက်​ဆုံး ၁၃ပွဲဆက်​အနိုင်​ရခဲ့တာလည်းဖြစ်​ပြီး လာမယ့်​တနင်္ဂ​နွေမှာ လီဗာပူးလ်​နဲ့ချန်​ပီယံဆုစိန်​ခေါ်ပွဲကစားရမှာပါ။ ဂွါဒီယိုလာက ရာသီအစက အသင်းရဲ့ပစ်​မှတ်​ဟာ ယူရိုပါလိဂ်​ဝင်​ခွင့်​ဖြစ်​ခဲ့ပြီး လက်​ရှိမှာ ပြိုင်​ဘက်​တွေကိုအာရုံမစိုက်​ဘဲ အသင်းရလဒ်​ကောင်းဖို့သာ ကြိုးစားသွားမယ်​လို့ ဆိုခဲ့ပါတယ်​။

ဂွါဒီယိုလာက “ကျွန်​တော်​တို့ကိုယ့်​အလုပ်​ကိုပဲ အာရုံစိုက်ရမှာပါ။​တခြားအသင်း​တွေအ​ကြောင်းကိုလိုက်​စဉ်းစား​နေတာ ကြီးမားတဲ့အမှားတစ်​ခုပါပဲ။ အသင်းဟာ အဆင့်​၁၂​နေရာမှာ ရပ်​တည်​နေတုန်းက ပရီးမီးယားလိဂ်​ချန်ပီယံဆုအကြောင်း ​မေ့ထားခဲ့ရတယ်​။ လာမယ့်​ရာသီ ယူရိုပါလိဂ်​ဝင်​ခွင့်​အတွက်​ပဲ​တွေးခဲ့တယ်​။ နိုင်​ပွဲဘယ်နပွဲ​ဆက်​တယ်ဆို​တာက အချက်​အလက်​တစ်​ခုပဲ။ အမြဲတမ်း ကစားရမယ့်​ပွဲ​တွေက ကျွန်​တော်​တို့​ရှေ့မှာ ရှိ​နေတယ်​။ အဲဒါ​ကြောင့်​ ဒီပွဲအတွက်​ပျော်​ရွှင်​ပါ။ လာမယ့်​ပွဲအတွက်​ ဘယ်​လိုကစားမလဲဆိုတာ ပြင်​ဆင်​ပါ” လို့ ဆိုခဲ့ တယ်​။

မန်​စီးတီးအသင်းဟာ လာမယ့်​ပွဲမှာ အိမ်​ကွင်းရ လဒ်​ဆိုးရွား​နေတဲ့ လီဗာပူးလ်​ကို အန်​ဖီးလ်​မှာသွား​ရောက်​ရင်​ဆိုင်​ရမှာဖြစ်​ပြီး ဂွါဒီယိုလာက ​တော့ ပြီးခဲ့တဲ့ရာသီကလိုပဲ ပြိုင်​ဆိုင်​မှုပြင်းထန်​ မယ့်​ပွဲလို့ သုံးသပ်​ခဲ့ပါတယ်​။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*