
မန်ယူအသင်းကနေ ဝက်စ်ဟမ်းကို အငှါးလာရောက်ကစားနေတဲ့ ကွင်းလယ်ကစားသမား လင်ဂတ်ဟာ အသင်းအတွက်ပွဲဦးထွက်မှာခြေစွမ်းပြနိုင်ခဲ့တာကြောင့်ရက်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့အပါအဝင် မန်ယူအသင်းဖော်တွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်(၂၈နှစ်)ဟာ မန်ယူအသင်းမှာပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့်ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ ဝက်စ်ဟမ်းကိုရာသီကုန်အထိ အငှါးစာချုပ်နဲ့ ရောက်ရှိလာခဲ့တာပါ။ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းအတွက်ပထမဆုံးပါဝင်ကစားတဲ့ အက်စတွန်ဗီလာအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာအသင်းအတွက်ခြေ စွမ်းပြကာ ၂ဂိုးသွင်းယူပေးခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ပွဲဟာ လင်ဂတ်အတွက်ဒီရာသီ ပထမဆုံးကစားရတဲ့ပရီးမီးယားလိဂ်ပွဲစဉ်လည်းဖြစ်ပြီး အသင်းသစ်အတွက်ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ မန်ယူအသင်းဖော်တွေကကျေနပ်ပျော်ရွှင်ခဲ့ကြပါတယ်။ လင်ဂတ်က အင်စတာဂရမ်မှာ ” ပြီးပြည့်စုံတဲ့ ပွဲဦးထွက်၊ ၂ဂိုးသွင်း၊ ၃မှတ်ရ” လို့ Caption နဲ့ပို့စ်တင်ခဲ့တာကို ရက်ဖို့ဒ်က ” Congrats Bro”လို့commentရေးကာ အပျော်မျှဝေခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်က အံ့သြတဲ့ emojiရေးသားခဲ့သလိုအေစီမီလန်မှာ အငှါးသွားကစားနေတဲ့နောက်ခံလူ ဒါလော့ကလည်း “သူပြန်လာပြီ” လို့ ချီးကျူးရေးသားခဲ့ပါတယ်။
ဒါ့အပြင်လုခ်ရှော၊ မက်ဂွိုင်းရား၊ တာဟစ်ချောင်၊လေဗာကူဆင်ပြောင်းရွှေ့သွားတဲ့ ဖိုဆူမန်ဆာတို့ကလည်း လင်ဂတ်ကိုချီးကျူးခဲ့ကြပါတယ်။ မန်ယူအသင်းနည်းပြဟောင်း မိုယက်စ်လက် အောက်မှာခြေစွမ်းပြနိုင်ပါက လင်ဂတ်အနေနဲ့ အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၀လူစာရင်းမှာ ပါဝင်နိုင်ဖို့မျှော်လင့်နိုင်မှာပါ။ ဝက်စ်ဟမ်း အသင်းရဲ့နိုင်ပွဲကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်လာရောက်ကြည့်ရှုခဲ့ပြီး မိုယက်စ်ကတော့ ယူရိုပြိုင်ပွဲအတွက် လင်ဂတ်အရွေးခံရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Daily Mail
Leave a Reply