
ကွင်းလယ်ကစားသမား အာရွန် ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းမှာ ကစားတာပြီးသွားရင် နောက်ဆုံးအာဆင်နယ်အသင်းကို ပြန်ရောက်လာလိမ့်မယ်လို့ အာဆင်နယ်ကစားသမားဟောင်း ရော်ဘတ်ပီရက်စ်က ယုံကြည်နေပါတယ်။
ရမ်ဆေးဟာ ၂၀၁၉ တုန်းက ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး အမ်းမရိတ်မှာ ၁၁ နှစ်ကြာဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။
ရမ်ဆေးဟာ အူနိုင်းအမ်မရီလက်ထက်မှာ အာဆင်နယ်အသင်းရဲ့ အရံကစားသမားအဖြစ်သာ ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းနဲ့စာချုပ်ကုန်အပြီးမှာတော့ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
ပီရက်စ်က ဒီအပြောင်းအရွှေ့ဟာ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆေးကို တိုးတက်ဖို့ အကူအညီဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ရမ်ဆေးနဲ့ ဂျူဗင်တပ် စာချုပ်သက်တမ်းဟာ ၂၀၂၃ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
“သူက အရမ်းကို ဥာဏ်ကောင်းတဲ့သူဖြစ်ပြီး နေရာတိုင်းနဲ့ လိုက်လျောညီထွေမှုရှိအောင် လုပ်တတ်တဲ့သူပါ။ ဂျူဗင်က ကလပ်အသင်းကြီးတစ်သင်းဖြစ်ပြီး စီးရီးအေမှာ သူအရင်ကထက် ပိုတိုးတက်လာပါတယ်။”လို့ ပီရက်စ်က ဆိုသွားပါတယ်။
“သူနောက်ထပ်နှစ်အနည်းငယ်လောက် နေဖို့လိုပါတယ်။ ပြီးရင် သူအာဆင်နယ်ကို ပြန်လာပါလိမ့်မယ်။ ဒါက ကျွန်တော် ယုံကြည်ထားတာပေါ့။ ကျွန်တော်က ဗေဒင်ဆရာလည်း မဟုတ်ပါဘူး။”
ဆက်လက်ပြီး “ရမ်ဆေးက အာတီတာရဲ့ နည်းစနစ်ထဲမှာဆိုရင် ပြီးပြည့်စုံမှာပါ။ ဒါပေမယ့် သူအခု ဂျူဗင်တပ်မှာရှိနေပြီး အသင်းအတွက် ဆုဖလားရအောင် အာရုံစိုက်နေရမှာပေါ့။”လို့ ပြောသွားပါတယ်။
Ref: dailymail
Leave a Reply