
အက်စတွန်ဗီလာကို အနိုင်ရတဲ့ပွဲစဥ်မှာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲဦးထွက်ကစားခဲ့တဲ့ ဂျက်ဆီလင်ဂတ်အတွက် အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကို ပြန်ရယူနိုင်ဖို့အတွက် နည်းပြ ဒေးဗစ်မိုယက်စ်က ထောက်ခံပြောဆိုသွားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်း ဆောက်ဂိတ်လာရောက်ကြည့်ရှုတဲ့ကစားပွဲမှာ လင်ဂတ်က ဝက်စ်ဟမ်းနဲ့ပွဲဦးထွက်မှာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကလည်း (၃-၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ မန်ယူအသင်းကနေ အငှားနဲ့ရောက်ရှိလာတဲ့ လင်ဂတ်ဟာ ဆောက်ဂိတ်လက်အောက် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၉ ကတည်းက ခြေစွမ်းကျဆင်းခဲ့တာကြောင့် ပွဲထွက်ခွင့်ရှုံးဆုံးခဲ့ပြီး အိုးထရက်ဖို့ဒ်မှာလည်း ကစားခွင် နည်းပါးခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို တက်နိုင်တုန်းက လင်ဂတ်ဟာ အဓိကနေရာကနေ ပါဝင်ကစားခဲ့ပါတယ်။ ယူရိုကမ္ဘာ့ဖလားမှာ သူ့နည်းလမ်းအတိုင်း ပြန်ပြီးပါဝင်ကစားနိုင်မယ်လို့ နည်းပြ မိုယက်စ်က ယုံကြည်နေပါတယ်။
“သူတကယ်လို့ ဒီခြေစွမ်းအတိုင်းဆက်ထိန်းသွားနိုင်မယ်ဆိုရင် ဆောက်ဂိတ်က သူ့ကိုပြန်ထည့်ပါလိမ့်မယ်။” လို့ပြောခဲ့ပါတယ်။
“သူအဆင့်တစ်ခုအထိရှိတယ်ဆိုတာ လူတွေကို ပြသဖို့ သူ့ရဲ့ ကိုယ်ရည်မှန်းချက်နဲ့ စိန်ခေါ်မှုတွေကို ရှိလာပါလိမ့်မယ်။ ပြီးတော့ သူကဒီပွဲမှာ အကောင်းဆုံးပြသွားခဲ့သလို ဗီလာအသင်းက ဘာကလေလည်း သူ့လိုအကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကြတယ်။”
“ယူရိုအတွက် လက်ရွေးစင်အသင်းမှာပါဝင်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတဲ့ ကစားသမားတွေအများကြီးရှိပါတယ်။ ပြီးတော့ လင်ဂတ်က အခုကစားသွားခဲ့တဲ့ပုံစံအတိုင်း ခြေစွမ်းရှိနေမယ်ဆိုရင် သူလည်း ဘာလို့မလုပ်နိုင်ရမလဲ။”လို့ ပြောသွားခဲ့ပါတယ်။
Ref: dailymail
Leave a Reply